webnovel
Flame Armor_火焰戎装
Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )
Rei_lyn · Action
Not enough ratings
69 Chs
Chapter 1
{ Unicode }
နွေလည်ခေါင် ဇူလိုင်လ... လောကကြီးတစ်ခုလုံးက ပူလောင်လို့နေသည်။ မြို့အပူချိန်က ၄၀ဒီဂရီနားထိတောင်ကပ်လာပြီ။
ကန်တင်းသေးသေးလေးထဲမှာတော့ အဲကွန်းဖွင့်ထားပြီး တံခါးတွေ၊ပြတင်းပေါက်တွေအားလုံးအလုံပိတ်ကာ လောကကြီးရဲ့ အပူဒဏ်ကို ကာဆီးထားရသည်။ စားပွဲတစ်ဝိုင်းစီမှာ ပုံစံတူဟင်းပွဲခြောက်ပွဲရယ် စွတ်ပြုတ်တစ်ပန်းကန်စီရယ်နှင့်။ ပါတဲ့ထမင်းဟင်း ပမာဏလည်းများတယ် အသားကလည်း လုံလုံလောက်လောက်ပါပေသည့် သူတို့အများစုက တုတ်တုတ်တောင်မလှုပ်ကြ။ အကြောင်းကတော့ ဥရောပဖလား အထူးပွဲစဥ◌်လာနေသည့် တီဗီဖန်သားပြင်ဆီမှာသာ သူတို့အကြည့်တွေကရောက်နေကြသည်။
"ဝင်…ဝင်...အိုး၊ ငါတော့သွားပြီ!"
"ငါပြောမယ် အဲ့ပြင်သစ်က ဒီနှစ် ဖြစ်ဖြစ်မြောက်မြောက်မလုပ်...မလုပ်..."
ဥဩဆွဲသံက ရုတ်တရက်ကျယ်လောင်စွာ ထွက်လာပြီး သုံးထပ်ဆောင်တစ်ဆောင်လုံး နေရာတိုင်းကနေ အကြာကြီးဆွဲမြည်နေတော့သည်။
တူကို စားပွဲပေါ်ချလိုက်တဲ့အသံတွေနဲ့အတူ အခန်းထဲကလူတွေအားလုံးတစ်ညီထည်းမတ်တပ်ရပ်ပြီးနောက် အောက်ထပ်ကို တစ်ဟုန်ထိုးဆင်းပြေးကြတော့သည်။
ရှေ့ဆုံးကဦးဆောင်သွားတဲ့ အရပ်ရှည်ရှည်နဲ့လူက အော်ပြောသည်
"နောက်ဆုံးတစ်ယောက်က အဲကွန်းပိတ်ခဲ့ဟေ့"
"သွား၊သွား! ငါတို့အဖွဲ့အဆူခံရမယ်!"
ရန်ရိ နားမထောင်ဘဲ သူ့ခြေတံရှည်တွေနှင့်ကဆုန်ပေါက်ပြီး လှေကားကို စက္ကန့်ပိုင်းလေးနှင့်ဆင်းသွားလိုက်သည်။ အဲ့နောက် အားလုံးက ကားဂိုဒေါင်ကို သွားကာ မီးသတ်ဝတ်စုံကို လေ့ကျင့်ထားတဲ့အတိုင်း သပ်သပ်ရပ်ရပ်နှင့်ဝတ်လိုက်သည်။
သတင်းပေးကျူတီကျတဲ့တစ်ယောက်က ရန်ရိဆီပြေးလာပြီး
"အဖွဲ့ခေါင်းဆောင်ရန်၊ ချန်းရှင်း ဈေးဝယ်စင်တာ ငါးထပ်မြောက်မှာရှိတဲ့ ကော်ဖီဆိုမှာ မီးလန့်တာတဲ့။ ရဲဖက်က အခုပဲသတင်းပေးလာတယ်။"
"ဟုတ်ပြီ၊ ပထမဆုံး မီးသတ်ကားသုံးစီးကို ထုတ်လိုက်။"
ကားဂိုဒေါင်ထဲမှာ အဲကွန်းမရှိတော့ ဂိုဒေါင်တံခါးဖွင့်လိုက်တာနဲ့ အပူငွေ့တွေ တလှပ်လှပ်နှင့်။ မီးလောင်ဒဏ်၊အပူဒဏ်ခံနိုင်တဲ့ မီးသတ်ဝတ်စုံကို ကိုယ်ပေါ်မှာဝတ်ထားတော့ အခုအခြေအနေက ပေါင်းခံနေသလိုဖြစ်နေသည်။ ချက်ချင်းဆိုသလို ချွေးက တဒီးဒီးကျလာတော့သည်။
မီးသတ်ကားပေါ် တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှိုတက်လိုက်ကြသည်။
ရန်ရိက နှာဖူးပေါ်ကချွေးကို သုတ်လိုက်ပြီး
"ကောင်ကော၊ ဘာဖြစ်တာလဲသိရအောင် ရဲကိုဖုန်းဆက်လိုက်။"
"ဟုတ်ကဲ့"
ရန်ရိ ဝေါ်ကီတော်ကီကို နံပါတ်ခလုပ်ဖိလိုက်ပြီး
" မီးသတ်ဌာနချုပ်ကပါ၊ ချန်းရှင်းလမ်းဖက် မော်တော်ပီကယ်ဌာနကို ကားလမ်းရှင်းထားပေးဖို့ တောင်းဆိုပါတယ်။ ချန်းရှင်းလမ်းပတ်ဝန်းကျင်မှာ ကားတွေက တော်တော်လေးကြပ်နေတာ။ ကားလမ်းပိတ်နေရင် မြန်မြန်သွားလို့မရဖြစ်မှာစိုးလို့ပါ။"
ကောင်ကောက ဖုန်းချလိုက်ပြီးနောက်
"ခေါင်းဆောင်ရန်၊ အဲ့ကော်ဖီဆိုင်က ထပ်ခိုးလိုမျိုးအထပ်မှာရှိတာတဲ့။ လေးထပ်ကနေ ငါးထပ်အတက်အဆင်းလုပ်တဲ့ အတွင်းလှေကြားတွေပဲရှိတယ်။ ငါးထပ်မှာတော့ ဝင်ဖို့ထွက်ဖို့ အပေါက်မရှိဘူးတဲ့။ မီးလောင်နေတဲ့နေရာက ငါးလွှာမှာရှိတာ။ မီးကသိပ်တော့မများသေးဘူး။ ဒါပေမယ့် မီးဆက်ကူးသွားနိုင်တယ်။ အဓိကပြဿနာက ငါးလွှာမှာ လူတွေပိတ်မိနေတဲ့လူတွေကို အောက်ချပေးဖို့ပဲ။"
စွန်းတင်းရိက ဘေးကနေ "စီဖို? အဲ့ကော်ဖီဆိုင်က အင်္ဂလိပ်လိုနာမည်နဲ့မလား?"
"ဟုတ်တယ်၊ မင်းရောက်ဖူးလား?"
"ပြီးခဲ့တဲ့အပတ်ကတင် ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့ သွားထားတာ။"
ကားပေါ်ကလူတွေဆီကနေ ဟားသံတွေထွက်လာသည်။
"လူထင်ကြီးခံရအောင် လျှောက်ပြောမနေစမ်းပါနဲ့ကွာ။"
ရန်ရိက ရယ်စရာအနေနဲ့ စလိုက်သည်။
စွန်းတင်းရိက အောင်နိုင်သူအပြုံးလေးနှင့် သူ့ဖုန်းကိုထုတ်လိုက်ပြီး
"တကယ်ပြောနေတာ၊ မြင်လား ငါတို့ဓာတ်ပုံတွေ အများကြီးရိုက်လာသေးတယ်။"
ရန်ရိ ဖုန်းကိုဆွဲယူလိုက်ပြီး မျက်မှောင်ကြုတ်ရင်း
"ကြမ်းမှာ ဂျပန်မြက်ဖျာတွေခင်းထားတာလား? မီးကတော့ ကြီးတော့မှာပဲ။"
"ဟုတ်တယ်။ တလောက အင်တာနက်မှာ တော်တော်နာမည်ကြီးလိုက်သေးတယ်လေ။ မီးလောင်လွယ်တဲ့ သစ်သားပရိဘောဂတွေလည်းရှိသေးတယ်။ မိန်းကလေးတွေကတော့ ဓာတ်ပုံရိုက်လို့ကောင်းတော့အကြိုက်ပေါ့။ တစ်ခုံနဲ့တစ်ခုံကို သီးသန့်နေရာလေးတွေဖြစ်အောင်လုပ်ထားတဲ့ သစ်သားဘုတ်ပြားတွေလည်းရှိတယ်။ အုတ်နံရံမဟုတ်ဘူး။"
"မင်းသေချာလား?" ရန်ရိဓာတ်ပုံကို ချဲ့ကြည့်လိုက်တာ့ ပုံထဲမှာ အထပ်သား ပရိဘောဂတွေ၊ လိုက်ကာ၊ ကောဇောတွေရယ်အပြင်၊ ဗို့အားပြင်းမီးချောင်းတွေတောင်ဆင်ထားလိုက်သေးတယ်။ တစ်ဆိုင်လုံး မီးဆွဲလို့ကောင်းတဲ့ လောင်စာပစ္စည်းတွေကြည့်။ နံရံကတော့ ဘာလဲဘယ်လိုလဲဆိုတာတော့ ပုံထဲမှာမမြင်ရ။
"ရပြီ၊ ဆိုင်အနေအထားကို ငါ့မျက်လုံးထဲပေါ်ပြီ။"
"မီးက တော်တော်လေးများတာပဲ။ သေချာပေါက် မီးကခဏလေးနဲ့တင်ကူးသွားမှာ။"
ရန်ရိ ဝေါကီတော်ကီကို ဖိလိုက်ပြီး
"ကားနံပါတ်၄ရယ် တပ်ဖွဲ့ဝင်သုံးယောက်ရယ် အရန်အနေနဲ့ အဆင်သင့်ဖြစ်အောင် လုပ်ထားပါ။"
"ဟုတ်ကဲ့"
ချန်းရှင်း ဈေးဝယ်စင်တာက သူတို့နဲ့ ဆယ့်နှစ်စတုရန်းကီလိုမီတာလောက်တောင် မဝေးတော့။ ဒါပေမယ့်လည်း ဘေကျင်းရဲ့ ကားလမ်းအခြေအနေကြောင့် မီးသတ်ကားတွေ ဆယ့်သုံးမိနစ်အကြာမှ မီးလောင်တဲ့နေရာကို ရောက်သွားရသည်။
ကားရပ်တာနဲ့ ရန်ရိခုန်ချလိုက်ပြီး ငါးလွှာကို မော့ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ မီးခိုးငွေ့တွေ တအူအူထွက်နေသည်။ ဒါပေမယ့် ပြတင်းပေါက်တွေက အောက်စိုက်ပြီးပဲဖွင့်လို့ရတာဆိုတော့ လူတွေက အဲ့ကနေထွက်လို့မရဖြစ်နေသည်။ ပြတင်းပေါက်ကနေ လက်တွေထွက်ပြီး အသည်းအသန်နှင့် လက်ဝှေ့ယမ်းပြကာ အကူအညီတောင်းနေကြသည်။
ရဲဖက်ကလူတွေ သူတို့ထက်စောရောက်နေလို့ ကားလမ်းက ချောချောရှူရှူမောင်းလာလို့ရလိုက်သည်။ ရန်ရိ မှန်းထားတဲ့အတိုင်း ဖြတ်သွားဖြတ်လာ ကားတွေလူတွေအားလုံးကရပ်ပြီး ဝိုင်းအုံကြည့်နေကြသည်။
ဆိုင်မန်နေဂျာက ပြာပြာသလဲနှင့် ရန်ရိတို့ဆီပြေးလာပြီး
"မီးသတ်အရာရှိရေ အဲ့ ငါးလွှာမှာ အနည်းဆုံးလူအယောက်နှစ်ဆယ် လောက်ပိတ်မိနေတယ်။"
ရန်ရိက အေးအေးဆေးဆေးနှင့်
"ဒုတိယအုပ်စုက လှေကားတွေထောင်လိုက်၊ ပြတင်းပေါက်ကနေ လူတွေကယ်ထုတ်လို့ရအောင် ပြတင်းပေါက်ကို ဖျက်လို့ရမဲ့ တန်ဆာပလာတွေယူပြီးတက်သွားကြ။ ပြီးရင် မီးသတ်ပိုက်တွေကို ထိန်းထားပေး။ ကျန်တဲ့လူတွေက တစ်ဖွဲ့စီကို မီးသတ်ပိုက်နှစ်ချောင်းစီရှိတယ်မလား။ ငါ့နောက်လိုက်ခဲ့ကြ စင်တာထဲဝင်မယ်။"
ရန်ရိ မန်နေဂျာကို ဆွဲခေါ်သွားကာ "ရှေ့ကနေ လမ်းပြ"
"ဟုတ်ကဲ့၊ ဒီဖက်ပါ၊ ဒီဖက်ပါ။"
မန်နေဂျာက သူတို့အပေါ်တက်ဖို့ အသင့်ပြင်ထားတဲ့ ဓာတ်လှေကားဆီခေါ်သွားသည်။ ဓာတ်လှေကားနဲ့ဆိုတော့ ခပ်မြန်မြန်နဲ့ လေးလွှာဆီရောက်သွားသည်။
ကုန်တိုက်သည်ကား ရှင်းလင်းနေသော်လည်း cafe ထဲတွင်တော့ မီးခိုးများ ပြည့်နေသည်။
လျှံထွက်လာသော မီးတောက်များကိုတော့ မမြင်ရပေ။
ကောင်ကော ကမီးသတ်သမားနှစ်ယောက်ကိုခေါ်၍ ကုန်တိုက်ရှိ ရေပေးနေရာသို့သွားသည်။
သူတို့ ကော်ဖီဆိုင်ထဲဝင်လိုက်ကြသည့်အခါ စတီးလှေကားလက်တန်းအပေါ်ဘက်က မီးလောင်၍နီရဲနေပြီဖြစ်ကြောင်းတွေ့လိုက်ရပြီး ငါးလွှာမှ အော်ဟစ်အကူအညီတောင်းသံများကို ကြားနိုင်ပေသည်။
ရန်ရိအမိန့်ပေးလိုက်သည်။
" မင်းတို့နှစ်ယောက်က မီးသတ်ပိုက်တွေနဲ့ လှေကားကို အေးအောင်လုပ်ပြီးအပေါ်ကနေငါတို့ကို ကာပေးထား"
" အမိန့်အတိုင်းပါ "
" မင်းတို့အပေါ်မသွားကြနဲ့ဦး မီးအရင်သတ် "
မန်နေဂျာက အော်ပြောသည်။
" အပေါ်မှာ မီးတွေချည်းပဲ !"
စွန်းတင့်ရီးက သူ့ကိုအကြည့်သက်သက်ဖြင့်ကြည့်လိုက်သည်။
" လူတွေကိုအရင်ကယ်ရမယ် ရေကိုတည့်တည့်ဖြန်း အဲ့အပေါ်ကလူတွေ အငွေ့ပျံသွားလိမ့်မယ် "
ရန်ရိ မျက်နှာဖုံးတပ်လိုက်ပြီး " သွား!"
ပထမတစ်ယောက်ကအပြေးသွားလိုက်ပြီး အဖွဲ့ထဲရှိတပ်သားများကနောက်မှလိုက်သွားကြသည်။
ရေကာပေးထားသည့်အောက်၌ သူတို့အပေါ်ထပ်တက်သွားကြသည်။
သူတို့အောက်မှ လှေကားထစ်များကကျိုးပဲသံများ တကျွတ်ကျွတ် မြည်နေသည်။
၎င်းနေရာ၌ အရည်ပျော်မည့်အန္တရာယ်ရှိပြီး ကြီးမားသော အပူလှိုင်းများက သူတို့မျက်နှာအရှေ့သို့ ရိုက်ခတ်လေသည်။
မီးထဲ ဘယ်လောက်ပဲအကြိမ်များများဝင်ဖူး ထွက်ဖူးသည်ဖြစ်စေ ၊ မီးဒဏ်ကာကွယ်ရေးဝတ်စုံက ဘယ်လောက်ပဲ အရည်အသွေးကောင်းသည်ဖြစ်စေ ၊တစ်ရာကျော် သို့မဟုတ် တစ်ထောင်နီးပါး မြင့်မားလှသောအပူချိန်ဖြင့်လောင်မြိုက်ခြင်းသည် လူသားများအား နာကြင်မှုနှင့် အကြောက်တရားအားကိုယ်တွေ့ခံစားရစေသည်။
ရန်ရိ သူ့ခန္ဓာကိုယ်အား အပ်များဖြင့်ထိုးစွနေသကဲသို့ခံစားရသည်။
သူ၏ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသောမီးတောက်များက သူ့အားပူလောင်ပြီး ချွေးများစီးကျစေသည်။
ငါးလွှာ၌သိပ်သည်းသော မီးတောက်များရှိနေကာ ကော်ဖီဆိုင်တစ်ဝက်ခန့်ကိုပင် မီးစွဲနေပြီးဖြစ်သည်။
သူဝင်သွားလိုက်သည့်နှင့် အခန်းတွင်း၌ မီး‌စွဲ‌လွယ်သောပစ္စည်းများစွာရှိနေပြီး မီးသည်လည်းလျင်မြန်စွာကူးနေကြပြီဖြစ်သည်။
" အားလုံး! အားလုံး! " ရန်ရိအော်ပြောလိုက်သည်။
" လူတွေရှာပြီး လှေကားကနေအောက်ပို့ကြမယ် !"
ရန်ရိ အပူလှိုင်းမှတစ်ဆင့်လူရှာဖွေရေးကိရိယာ¹ ဖြင့် အခန်းထဲတွင်ပိတ်မိနေသော လူများအားရှာဖွေလိုက်သည်။
တစ်ယောက်ကတော့ camera ပေါ်တွင်လျင်မြန်စွာပေါ်လာသည်။
ရန်ရိ အမြန်ပဲပြေးသွားလိုက်ကာ မီးအနည်းငယ်သာစွဲနေသော ထိုလူကိုတွေ့လိုက်ရသည်။
ထိုလူက မီးခိုးငွေ့များရှူရှိုက်မိကာ ကိုမာဝင်နေသည်။
ထိုလူက အရပ်ရှည်ကာ ထွားကြိုင်းသည်။
ရန်ရိ ကိုယ်ပေါ်မှ ပစ္စည်းများကလည်း 40 ကီလိုဂရမ်ခန့်အလေးချိန်ရှိ၏။
သူ ထိုလူကိုဂျိုင်းမှဆွဲကာ ပြတင်းပေါက်နားသို့ခေါ်ခဲ့ပြီး လမ်းတစ်ဝက်မှာပင် စွန်းတင့်ရီးက သူ့ကိုကူမပေးက ပြတင်းပေါက်ဆီပို့လိုက်သည်။
အခြားသောတပ်သားများသည်လည်း မလှုပ်ရှားနိုင်သောလူများကို ရှာတွေ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် ကယ်ဆယ်လိုက်ကြသည်။
ပြတင်းပေါက်သည် ဒုတိယအဖွဲ့လက်ချက်ဖြင့် ကျိုးသွားရပြီး လူသယ်ဆောင်ရေးယာဉ်တွဲ² လေးသည်ကား လူများဖြင့်ပြည့်နှက်သွားတော့သည်။
ရန်ရိ ထိုလူအား ဒုတိယအဖွဲ့သို့ပေးလိုက်ပြီး " မခံနိုင်တော့ဘူး ပြန်ဆင်းကြ"
" ခေါင်းဆောင်ရန် ပြတင်းပေါက်ကပွင့်သွားပြီး မီးကူးတာလည်းပိုမြန်လာပြီ ကျွန်တော်ပြန်မတက်လာ‌နိုင်တော့မှာစိုးတယ် လှေကားကိုသုံးရအောင် "
" လှေကားက ပြိုကျတော့မယ် မင်းတို့မြန်မြန်သွားကြ "
" အမိန့်အတိုင်းပါ"
ရန်ရိ တူညီသောလမ်းကြောင်းအတိုင်းပြန်လာခဲ့သည်။
လူအတော်များများက ထူထဲသောမီးခိုးများနှင့် မီးတောက်များ ထဲသို့တိုးသွားနေကြသည်။
သူတို့နောက်ဆုံးအပိုင်းကို ရောက်ရှိကာ ဒဏ်ရာရရှိသူနှင့် မေ့မြောနေသူ သုံးယောက်ထက်မက တွေ့ရှိကြရ၏။
ကောင်ကော ပြောလာသည်။
" ဒီအဖွဲ့ပြီးရင် မကျန်လောက်တော့ဘူး"
" မင်းတို့သွားနှင့် ငါနံရံတွေဘက်တစ်ချက်သွားစစ်ကြည့်လိုက်ဦးမယ် "
" ခေါင်းဆောင်ရန်,  ဟွေ့ tatami³ ကနေဖြတ်ပြီးပြတင်းပေါက်ဖက်သွားတာ မကြာခင်ပဲသူ ဖြတ်လို့မရတော့ဘူး !"
" မြန်မြန် လူတွေကိုသယ်သွားလိုက် ငါချက်ချင်းပြန်လာခဲ့မယ် "
ကောင်ကော ၊ စွန်းတင့်ရီး နှင့် အခြားသူမျကိုလူများသယ်ဆောင်ကာ ပြတင်းပေါက်ဆီသို့သွားကြပြီး ရန်ရိက မြန်မြန်ပဲ အခြားအခန်းတွေမှာ ထပ်မံရှာဖွေလိုက်သည်။
မီးတောက်များက မီးခိုးငွေ့များဖြင့်ပြည့်နှက်နေကာ မြင်နိုင်စွမ်းကအလွန်နည်းပါးသည်။
ပြီးတော့ အပူလှိုင်းဖြင့်အာရုံခံနိုင်စွမ်းသည်လည်း မဟန်တော့သည့်ပုံပင်။
အထူးသဖြင့် လူများအားအရာဝတ္ထုတစ်ခုခုဖြင့်ကာနေသည့်အခါမျိုးတွင်ဖြစ်သည်။
ရန်ရိပြန်လှည့်တော့မည့်အချိန်၌ပဲ ရုတ်တရက် သူ့အနောက်ဘက်မှ အားပျော့သောညည်းသံသဲ့သဲ့ကြားလိုက်ရသည်။
ထိုအသံသည် မီးများကြားထဲတွင်ကြားဖို့မဖြစ်နိုင်သော်လည်း ရန်ရိကြားနေရဆဲဖြစ်သည်။
သူအလျင်အမြန်ပဲ အသံနောက်လိုက်သွားလိုက်ပြီး အထပ်သား⁴ အပြိုအပျက်အောက်တွင် လူတစ်ယောက်ကိုပိနေသည်!
ရန်ရိ အထပ်သားကြီးကိုပုခုံးနှင့်တွန်းဖယ်လိုက်ပြီး အောက်မှလူကို အပြင်ထုတ်လိုက်သည်။
သူမကဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး အံ့ဩစရာကောင်းလောက်အောင် မီး‌လောင် ထားခြင်းမရှိပေ။
သူမက အဆင်မပြေဖြစ်နေသော်လည်း သူမ၏မျက်ခုံးများကတော့ အလွန်မနာလိုစရာကောင်းသည်ကို သူမြင်နိုင်သေး၏။
သူမသည် မျက်လုံးများကို ‌အားနည်းစွာဖွင့်ဟလိုက်ပြီး ရန်ရိကိုလည်းအားနည်းစွာကြည့်လာပေသည်။
သူမ အသက်ရှူကြပ်နေမှန်း ရန်ရိသိသည်။ ထို့ကြောင့် သူ့ mask⁵ ကိုချွတ်လိုက်ပြီး မိန်းကလေးကိုတပ်ပေးလိုက်ရင်း အေးဆေးစွာပြောလိုက်သည်။
" မကြောက်နဲ့နော် အပြင်ခေါ်သွားပေးမယ် "
သူမ အသက်အနည်းငယ်ရှူထုတ်လိုက်ပြီးမှ ရန်ရိ သူ၏ mask ကိုပြန်ယူလိုက်သည်။
သူ ပိန်ပါးသောကိုယ်လေးကိုသယ်ရင်း အခန်းထဲမှပြေးထွက်ခဲ့သည်။
နှစ်မိနစ်အတွင်းမှာပဲ မီးကပြတင်းပေါက်ဆီသို့ကူးလေပြီ။
၎င်းသည် ဝတ်ရည်ကိုတောင့်တသော သဲကန္တာရသဖွယ် ၊ အသွေးအသားကိုတောင့်တသော သားရဲသဖွယ် အောက်ဆီဂျင်ကို ရူးသွပ်စွာတောင့်တလေသည်။
အနီးနား၌ မီးလောင်နေစဉ် မင်းပါးစပ်ဖွင့်ထားသရွေ့ ထိုမီးက အောက်ဆီဂျင်အားလုံးစုနေသောနေရာသို့ အပြေးလာလိမ့်မည်။
ယခုသည်လည်း မီးတောက်သည် tatami ကိုကူးလာပြီး ပြတင်းပေါက်ကို လုံးတားဆီးထားလေတော့သည်။
ပတ်ပတ်လည်ကိုကြည့်ပါက အားလုံးမီးတောက်များသာဝန်းရံနေသည်။
အလွန်ကြီးထွားလာလျက်။
ရန်ရိ လှည့်ကြည့်လိုက်သောအခါ လှေကားနား၌ရေပိုက် ရှိနေသော်လည်း ထိုနေရာမီးလောင်သည့်နေရာနှင့်နီးကာ ထိုမီးကလည်းမသေးလှကြောင်းတွေ့ရသည်။
ရန်ရိ အသက်ပြင်းပြင်းရှူလိုက်ရင်း အရေးပေါ်ဆက်သွယ်ရေး မှတစ်ဆင့်လှမ်းပြောလိုက်သည်။
" ကောင်ကော မင်းတို့အကုန်ထွက်သွားပြီလား?"
" ခေါင်းဆောင်ရန် ကျွန်တော်တို့အကုန်လုံးထွက်သွားပြီ ဆရာ ပြတင်းပေါက်ကထွက်လို့မရဘူး လှေကားကိုသွားပါ"
" မီးသတ်ပိုက် အဖွဲ့ကာပေး "
" အမိန့်အတိုင်းပါ"
အောက်ထပ်မှ မီးသတ်ပိုက်အဖွဲ့သားနှစ်ယောက် လှေကားဆီသို့တက်လာကာ မီးများကိုရေဖြင့်ငြိမ်းသတ်ကြပြီး ရန်ရိလှေကားမှဆင်းကြရန် စီစဉ်လိုက်သည်။
ထိုအချိန်၌ စတီးလှေကားကရုတ်တရက် ကျိုးသွားကာ နားထဲသို့ စူးရှသောအသံများဝင်ရောက်လာသည်။
မီးသတ်ပိုက်သမားနှစ်ယောက် အော်လိုက်သည်။
" အဖွဲ့ခေါင်းဆောင် လှေကားကအလုပ်မဖြစ်တော့ဘူး ပြိုကျတော့မယ်ထင်တယ်!"
" မြန်မြန်လုပ် !"
အသံဆုံးသွားသည်နှင့် လှေကားမှ စတီးလက်ရန်းက ရန်ရိရှေ့ သို့ပြုတ်ကျလာကာ  ကြမ်းပြင်သို့ထိခတ်သွားသည်။
ထို့နောက် ကြမ်းပြင်တစ်ခုလုံး လှုပ်ခါသွားတော့၏။
ရန်ရိ စိုးရိမ်တကြီးမေးလိုက်သည်။
" မင်းတို့နှစ်ယောက်....."
" ကျွန်တော်တို့အဆင်ပြေတယ် !"
" အောက်က‌စောင့်နေ "
ရန်ရိ သူ့ကိုယ်ပေါ်မှကြိုးကိုဖြည်လိုက်ပြီး အစွန်းတစ်ဖက်ကို မပျက်စီးသေးသော ခပ်တောင့်တောင့် လှေကားထောင့်တွင်ချည်လိုက်သည်။
သူမြန်မြန်ဆန်ဆန်နဲ့ပဲ အထုံးရှစ်ထုံး ချည်လိုက်သည်။
ထို့နောက်တွင်တော့ မိန်းကလေးကို သူ့ခါး၌ဖက်ကာ ကြိုးအတိုင်းအောက်သို့ လျှောဆင်းသွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းကတစ်ထပ်တည်းသာဖြစ်ပြီး မိန်းကလေးငယ်လေးကလည်း အလွန်ပေါ့သောကြောင့်သာ သူယခုလိုဆင်းသွားရဲတာဖြစ်သည်။
အောက်ထပ်မှလူများက သူ့ခြေ‌ဖဝါးကိုအရင်မိပြီး သူ့ကိုအတူတကွကူညီကြကာ သူတို့ကိုလုံခြုံစွာ အောက်ဆင်းစေသည်။
အောက်သို့ခြေချပြီးနောက် ရန်ရိ မိန်းကလေးငယ်ကို မကာ အပြင်၌စောင့်နေသူများထံ လျှောက်သွားလိုက်သည်။
" အောက်ထပ်ကမီးသတ်ပိုက်တွေလျှော့ချလိုက် ကြမ်းပြင်ပေါ်အလေးချိန်မတိုးစေနဲ့ အတတ်နိုင်ဆုံး မီးကိုမြန်မြန်ငြိမ်းသတ်ကြ "
မိန်းကလေးကို လူနာကုတင်ပေါ်တင်ပြီးသောအခါ ရန်ရိ သူ၏ mask ကိုချွတ်ကာ လေရှူရှိုက်လိုက်သည်။
ရုတ်တရက် အင်္ကျီလက်တင်းသွားသလိုခံစားလိုက်ရပြီး အောက်ငုံ့ကြည့်လိုက်တော့ ကောင်မလေးက သူ့ကိုဆွဲထားလေသည်။
ရန်ရိ သူမ၏စူးရှသောမျက်လုံးများကိုကြည့်လိုက်ကာ ခေါင်းလေးပုတ်ပေးပြီး နူးညံ့စွာစိတ်လျှော့စေလိုက်သည်။
" မကြောက်ပါနဲ့ မင်းအဆင်ပြေသွားပါပြီ "
သူမ၏ပါးစပ်တွင် အသက်ရှူကိရိယာတပ်ထားသည်မို့ စကားမပြောနိုင်၊ ထို့ကြောင့် မျက်တောင်ဖြည်းညင်းစွာခတ်လိုက်ပြီး သူ့လက်ကိုလွှတ်ပေးလိုက်သည်။
ရန်ရိ လှည့်ထွက်လာပြီး ကော်ဖီဆိုင်သို့ပြန်လာခဲ့သည်။
မန်နေဂျာက သူ့နောက်မှကပ်လိုက်လာသည်။
" ခေါင်းဆောင် မီးကဘယ်တော့ငြိမ်းမှာလဲဟင်?"
" နောက်ထပ်တံခါးကိုသာမကူးဘူးဆိုရင်တော့ မကြာခင် ငြိမ်းသွားမှာပါ "
မန်နေဂျာက အသက်ပြင်းပြင်းရှူလိုက်ကာ သတိထားပြီးမေးလာသည်။
" ကျွန်တော်တို့ ဒဏ်ငွေဆောင်ရမှာလား?"
ရန်ရိ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
" ဘာကိုပြောချင်တာလဲ ?ငါ အရေးပေါ် မီးငြိမ်းသတ်ဖို့မဖြစ်နိုင်တဲ့ အဆောက်အဦးကြီးခြောက်ခုကြုံဖူးတယ် "
[ T/N : ကျနော် ထင်တာတော့ ရန်ရိပြောချင်တာက သူကတကယ်အလုပ်လုပ်တဲ့သူလို့ပြောချင်တာထင်တယ် လာဘ်မစားဘူး အဲ့လိုပေါ့ ကျနော်ထင်တာပြောတာနော် ]
" ခေါင်းဆောင်...ဒါက...ဖုန်းဆက်လိုက်ပါ "
" ဒါက ငါ့ကိစ္စမဟုတ်ဘူး "
ရန်ရိ ထိုသူကိုတွန်းထုတ်လိုက်ပြီး သူ့တပ်သားတွေကို မီးငြိမ်းသတ်ဖို့အမိန့်ပေးရန်သွားလိုက်သည်။
မီးကသိပ်မကြီးပေ။ ထို့ကြောင့် မကြာခင်မှာပဲငြိမ်းသွားသည်။
ထိရောက်သော ထိန်းချုပ်မှုကြောင့်လည်း ဘေးဘက်ရှိ စားသောက်ဆိုင်ကို မီးမကူးသွားပေ။
ရန်ရိ ဒုတိယအဖွဲ့ကို နောက်ဆက်တွဲအပြင်ပိုင်းမီးလောင်တာတွေ စစ်ဆေးခိုင်းလိုက်ပြီး သူကတော့အဖွဲ့ကိုဦးဆောင်ကာ ပြန်လာခဲ့သည်။
သွားရင်းနှင့်ပင် ဆေးရုံသို့ဖုန်းခေါ်လိုက်ပြီး လူနာအခြေအနေလှမ်းမေးလိုက်သည်။
အထူးသဖြင့် နောက်ဆုံးကယ်လိုက်သော မိန်းကလေးဖြစ်သည်။
အဖြေကတော့ မပြင်းထန်‌သော သာမန်မီးလောင်ရာများသာ ရှိပြီး အများစုက အရေးမကြီးတဲ့ဒဏ်ရာတွေဖြစ်ကာ မီးခိုးငွေ့များရှူရှိုက်မိသူများသာရှိကြသည် ဟုဆိုသည်။
စစ်ဆေးချက်တွေအရတော့ အသက်အန္တရာယ်မရှိပေ။
ရန်ရိ စိတ်သက်သာရသောလေကိုရှူထုတ်လိုက်သည်။
ထို့နောက် အခြားတပ်သားများကိုပြောပြလိုက်ရာ အားလုံးက ဝမ်းသာကြသည်။
သူရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။
" ဟေး ပွဲအခြေနေဘယ်လိုဖြစ်သွားလဲ? ဘယ်သူနိုင်လဲ?"
" wow ကြည့်လိုက်ဦးမယ် "
စွန်းတင့်ရီး သူ့၏ဖုန်းထုတ်ကာကြည့်လိုက်သည်။
" ပြင်သစ် 2-1"
" ဟေး? မင်းနိုင်တာပေါ့"
မီးခိုးငွေ့များဖြင့် နွမ်းလျပုံပေါ်သော တပ်သားများက ကစားပွဲအကြောင်း ‌စိတ်လှုပ်ရှားစွာပြောဆိုနေကြသည်။
တပ်စုကိုပြန်ရောက်တော့ ညနေသုံးနာရီပင်ရှိနေပြီဖြစ်ပြီး သူတို့ထွက်သွားစဉ်က အစားအနည်းငယ်သာစားသွားရသောကြောင့် အားလုံးဆာနေကြပြီဖြစ်သည်။
အပေါ်ထပ်သို့သွားပြီး တံခါးဖွင့်လိုက်သောအခါ ရန်ရိမျက်လုံးများ ကျဉ်းမြောင်းသွား၏။
" ဘယ်သူနောက်ဆုံးထွက်တာလဲ?"
လူများစွာက မျက်လုံးဝေ့ဝဲကြည့်လိုက်ကြပြီး မည်သူမှစကားမစပေ။
" ဘယ်သူက အဲလ်ကွန်း မပိတ်ဘဲနဲ့ထွက်လာတာလဲ?"
ရန်ရိ အသံမြှင့်လိုက်သည်။
" အမှန်အတိုင်းပြောရင်သက်သာမယ်နော် အဆောက်အဦးထဲမှာ စောင့်ကြည့်ရေးတွေရှိပြီးသား "
" ခေါင်းဆောင်ရန် ကျွန်တော်ဖြစ်လောက်တယ် ....ဟုတ်တယ်...."
လုကျင့်ချွမ် ပြောလာသည်။
" မင်းအဖေ တပ်ရင်းကို လာလို့လား?"
အားလုံးရယ်ကြသည်။
" အပြစ်ပေးရမယ်မလား?"
" ကျွန်တော် ၊ ကျွန်တော်အခု ကွင်းတစ်ပတ်သွားပြေးပါ့မယ်"
" မပြေးနဲ့ လူတိုင်းအခုမှပြန်ရောက်တာ မောနေရောပေါ့ "
ရန်ရိ အမြော်အမြင်ကြီးစွာပြောသည်။
ပြုံးလိုက်ရင်း " ဒီည မင်း အဲလ်ကွန်းဖွင့်မအိပ်နဲ့ မဖျားတော့ဘူးပေါ့ "
၎င်းက ငိုကြွေးစရာပင်ဖြစ်ချေ၏။
စွန်းတင့်ရီး အော်‌လိုက်သည်။
" အဖွဲ့ထဲမှာ ကျွန်တော်က ပိန်တယ် ဒီညကျွန်တော်နဲ့တိုးကပ်အိပ်လို့မရဘူးလား?"
ရန်ရိ သူ့ကိုအဖြူထည်ကြည့်လိုက်သည်။
" မင်းကငါ့ဆီကနေအကျိုးအမြတ်ရှာနေတာပဲ "
အားလုံးထပ်မံရယ်လိုက်ကြလေသည်။
သူတို့ခုံမှာပြန်ထိုင်လိုက်ကြပြီး အေးစက်နေပြီဖြစ်သော  နေ့လယ်စာများကိုမြိုချလိုက်ကြသည်။
|||||||||||||||||
Translator's Notes
1. Thermal imaging camera - အပူလှိုင်းမှတစ်ဆင့်လူရှာဖွေရေးကိရိယာ လို့ရေးထားပါတယ် ။ ပုံကတော့ဒီလိုပုံပါ။
မီးထဲမှာ လူတွေရဲ့တည်နေရာကိုရှာတာ‌ပေါ။ အရာဝတ္ထုတွေနဲ့ ဖုံးနေတာမျိုးဆိုရင်တော့ မမြင်ရပါဘူး လှိုင်းအရမ်းများလည်း မခံနိုင်ပါဘူး။
2. Platform work bucket - လူသယ်ဆောင်ရေးယာဉ်တွဲလို့သုံးလိုက်ပါတယ်။ ပုံကအောက်ကအတိုင်းပါ။လူသိပ်အများကြီးမဆန့်ပါဘူး။
3. Tatami - tatami ကတော့ ဂျပန်ရိုးရာကြမ်းခင်းမျိုးပါ။လှတယ်မလား ။ နေချင်စရာလေး။
4.  Core board - အထပ်သားလို့သုံးထားပါတယ်။ ပျော့ပျောင်းသောသစ်သားအစင်းများကိုအတူတကွ ကပ်၍ နံရံနှစ်ခုကြားအကြားညှပ်ထားသောအထပ်သားအမျိုးအစား။
5. Mask - ဒါကတော့ ရိုးရိုး mask မဟုတ်ဘဲ မီးသတ်သမားတွေကို အောက်ဆီဂျင်ပေးတာပေါ့။
Firefighter တွေသယ်ဆောင်ရတဲ့အလေးချိန်ကလည်းမနည်းပ့ဘူးနော် ။ လူလည်းကယ်ရပါသေးတယ်။ လေးစားလိုက်တာ။ ကျွန်တော် အောက်ဆီဂျင်ဘူးကြီးမဖူးတယ် ကျွန်တော့်ကိုယ်ထက်တောင်လေးသေးတယ်ဗျာ ။
==========
{ Zawgyi }
"ဟုတ်ကဲ့"
"ကားနံပါတ်၎ရယ် တပ်ဖွဲ့ဝင်သုံးယောက်ရယ် အရန်အနေနဲ့ အဆင်သင့်ဖြစ်အောင် လုပ်ထားပါ။"
"ဟုတ်ကဲ့"
" အမိန့်အတိုင်းပါ "
" အမိန့်အတိုင်းပါ"
ကောင်ကော ပြောလာသည်။
အလွန်ကြီးထွားလာလျက်။
" အမိန့်အတိုင်းပါ"
" မြန်မြန်လုပ် !"
" မင်းတို့နှစ်ယောက်....."
" အောက်က‌စောင့်နေ "
" ဒါက ငါ့ကိစ္စမဟုတ်ဘူး "
" wow ကြည့်လိုက်ဦးမယ် "
" ပြင်သစ် 2-1"
" ဟေး? မင်းနိုင်တာပေါ့"
အားလုံးရယ်ကြသည်။
" အပြစ်ပေးရမယ်မလား?"
|||||||||||||||||
Translator's Notes
______________________________________