webnovel

အပိုင်း(၂၀) ကျောင်းပရဝဏ်မှ နံပါတ်တစ် လျှို့ဝှက် လက်နက်

Warning: This is n't my own novel, I just translationto Myanmar language.

စွန်းရုံက ကာကွယ်မှုအောက်တွင် နေခဲ့ရသော နောက်ဆုံးအကြိမ်ကို အမှတ်ရမိသည်။

ယင်းက ချီစုဆောင်းခြင်း အလယ်တန်းကျောင်းတွင် သူမ တွေ့ကြုံခဲ့ရေသာ အဖြစ်အပျက် ဖြစ်၏။

ထိုစဉ်က သူမကို ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်ခဲ့သော လူရမ်းကား အုပ်စု ရှိခဲ့ဖူးသည်။

အကျိုးဆက် အနေဖြင့် ဟွာကော အုပ်စုက ကျောင်းပတ်ဝန်းကျင် ဧရိယာ အတွင်း ရှိသမျှ လူရမ်းကားများကို ရှင်းလင်းရန်အတွက် အရည်အချင်း ရှိသော ကျင့်ကြံသူများကို ငှားရမ်းခဲ့ကာ လူဆိုးလူမိုက် အားလုံးကို မြို့ပြင်သို့ မောင်းထုတ်ပစ်ခဲ့သည်။

ဤအဖြစ်အပျက် ပြီးဆုံးပြီး နောက်ပိုင်းတွင် မြေအောက်အဖွဲ့အစည်းများက စွန်းရုံကို သွားမရှုပ်သင့်သော စာရင်းထဲ၌ ထည့်သွင်းခဲ့တော့သည်။

ထိုအချိန်မှစ၍ သခင်မလေးစွန်းရုံကို အမှုမဲ့အမှတ်မဲ့ ရန်စရဲသူ မရှိတော့ပေ။

ယခုပြဿနာကမူ ယခင်နှင့် အနည်းငယ် ကွာခြားမှု ရှိသည်။

လက်ရှိ ရင်ဆိုင်နေရသော အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက လမ်းပေါ်မှာ ကျင်လည် ကျက်စားနေသော လူရမ်းကားများထက် အဆင့်မြင့်သည်။

အရိပ်အဖွဲ့က လူသတ်ရာတွင် မျက်တောင်ပတ် မခတ်သော လုပ်ကြံသူ အုပ်စု ဖြစ်သောကြောင့် ကာကွယ်မှု ရယူရန် ကျောင်းနားထားလည်း ၎င်းတို့၏ လက်မှ လွတ်မြောက်ရန်မှာ မလွယ်ကူပေ။

ကျောင်းအုပ်ကြီးချန်းက ဤအချက်ကို စဉ်းစားမိ၍ ရှယ်ရာရှင်များ၏ အကြံပြုချက်ကို ငြင်းဆန်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ဤတစ်ကြိမ်က အမှတ်၆၀ အထက်တန်းကျောင်း၏ အတင်းကျပ်ဆုံး လုံခြုံရေး အဖွဲ့အစည်းကို ပထမဆုံးအကြိမ် ဖွဲ့စည်းခြင်း ဖြစ်သည်။

ကျောင်းအပြင်ဘက်တွင်လည်း ဆရာများနှင့် လုံခြုံရေးများကို ဥယျာဉ်.. လူသွားစင်္ကြ့များနှင့် အိမ်သာများကိုပင် စောင့်ကြည့်ရန် စီစဉ်ထားခဲ့သည်။

စွန်းရုံ ရွေ့ပြောင်းနေထိုင်သော ဆရာရုံးခန်းသည် ပထမထပ်၏ အတွင်းဘက် အကျဆုံး အခန်း ဖြစ်၏။

ရုံးခန်းဘေးနားက ထွက်ပေါက်ကို အပြီးတိုင် ပိတ်ထားသည့် ကြီးမားသော အခန်းကြီးထဲတွင် စွန်းရုံ နှင့် ဝါရင့်ဆရာသမားဝမ်သာ ရှိနေသည်။

"မင်းကို ကြည့်ရတာ စိတ်ရှုပ်နေပုံပဲ.. စိတ်ပြေလက်ပျောက် ဖြစ်အောင် အဆာပြေ မုန့်စားမလား"

ဝါရင့်ဆရာသမား ဝမ်က အိမ်စာများကို အမှတ်ခြစ်နေစဉ် သူ့စားပွဲခုံ အံဆွဲကို ဆွဲဖွင့်လိုက်သည်။

အံဆွဲထဲတွင် မုန့်များကို သေချာ စီရီ၍ ထည့်ထား၏။

စွန်းရုံက အံဆွဲထဲကို လှမ်းကြည့်မိပြီး မှင်တက်သွားခဲ့သည်။

အံဆွဲထဲတွင် ရှိနေသော အဆာပြေမုန့်များသည် စူပါမားကတ်ထက်ပင် ပိုမို များပြားနေသည်။

စွန်းရုံက သက်ပြင်းချလိုက်ပြီး စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါလိုက်သည်။

သူမက ပထမဆုံးအကြိမ် ယခုလို ရင်ဆိုင်ရခြင်း မဟုတ်သော်လည်း အကြောင်းရင်း တချို့ကြောင့် စိတ်တထင့်ထင့် ဖြစ်နေသည်။

ရှောင်မိသားစု ပန်းခြံတွင် ချိန်းဆိုခဲ့သော ဒိတ်ကြောင့် ဤလုပ်ကြံမှုက အစပျိုးခဲ့ခြင်း ဖြစ်သည်။

ရှောင်မိသားစုပန်းခြံ အကြောင်း စဉ်းစားမိသောအခါ တစ်စုံတစ်ရာကို မေ့လျော့နေသည်ဟု စွန်းရုံ ခံစားမိလိုက်သည်။

ဝမ်လင်း နှင့် သူမကို ကယ်တင်ပေးခဲ့သည့် လူထူးဆန်း သူရဲကောင်းကြီးက မည်သူနည်း။

သူမ မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။

"စွန်းရုံလေး.. ဝမ်လင်းက မင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးပဲ.. သူ့ကြောင့်ပဲ ဟိုတလောက လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့တာ မဟုတ်လား"

ဝါရင့်ဆရာသမား ဝမ်က လူငယ်ဘဝကို ဖြတ်ကျော်လာ၍ စွန်းရုံ၏ ခံစားချက်ကို နားလည်နေသည်။

"မင်းတို့ချင်း ခံစားချက် နီးစပ်ချင်ရင် မင်းက သူ့အကြိုက်ကို လိုက်လျောပေးဖို့ လိုအပ်တယ်.. ဆရာပြောတာ နားလည်လား"

ထိုစကားကြောင့် စွန်းရုံ ချက်ချင်း ရှက်သွေးဖြာသွားသည်။

"ဒါပေမဲ့ သူ ဘာကြိုက်လဲမှ သမီး မသိတာ"

"ဟဲဟဲ.. မင်း မသိရင် ငါ့ကို မေးလို့ရတယ်လေ"

တဟဲဟဲ ရယ်သံဖြင့် ဝါရင့်ဆရာသမားက အံဆွဲထဲမှ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို ထုတ်လိုက်သည်။

"ခေါက်ဆွဲခြောက်လား"

ဝါရင့်ဆရာသမားဝမ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်လေ.. ဒီခေါက်ဆွဲခြောက်က ကျောင်းသားဝမ်လင်းအသည်းစွဲပဲ.. ကျောင်းသားဝမ်လင်းက ဆရာ့ဆီကနေ ခေါက်ဆွဲခြောက် ခဏခဏ လာဝယ်လေ့ရှိတယ်"

ထိုစကားကိုကြားလျှင် စွန်းရုံက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"ဆရာဝမ်က အဆာပြေမုန့်တွေ တကယ် ရောင်းတာလား"

ဝါရင့်ဆရာသမား ဝမ်က သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

"ယနေ့ခေတ် ပညာရေးဌာနက ဆရာတွေကို ကျူရှင်သင်ခွင့် မပေးတော့ဘူးလေ.. ဒါကြောင့်မို့ အပိုဝင်ငွေရအောင် အဆာပြေမုန့် ရောင်းစားနေရတာပေါ့.. စာသင်တဲ့ လစာနဲ့ ထမင်းစားဖို့ မလောက်ငှဘူးလေ"

"......."

စွန်းရုံက စားပွဲခုံပေါ်မှ ခေါက်ဆွဲခြောက်ထုပ်ကို ငေးစိုက်ကြည့်ရင်း အတွေးထဲ နစ်မြောနေမိသည်။

........

စွန်းရုံ အတွေးရေယာဥ်ကြောထဲ နစ်မြောနေစဥ် လုပ်ကြံမှုလုပ်ငန်းစဉ်က တရားဝင် စတင်လာခဲ့သည်။

ကျောင်းမြေညီထပ်၏ ယောက်ျားလေး သန့်စင်ခန်း တစ်ခန်းထဲတွင် အရိပ်လုပ်ကြံသူ တစ်ယောက်က ကျောင်းလုံခြုံရေး တစ်ယောက်ကို သန့်စင်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့၏။

ထိုလူက လုံခြုံရေးကို သတိလစ်အောင် လုပ်ပြီး ယူနီဖောင်းများကို တစ်ခုမကျန်အောင် ချွတ်ပစ်ခဲ့သည်။

ထိုမှသာ သတိပြန်လည်လာခဲ့လျှင် တခြားသူကို အချိန်မီ သတင်းပေးခြင်းမှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပါလား။

ထိုသူမှာ အရိပ်အဖွဲ့အစည်းမှ လုပ်ကြံသူ ညီနောင်သုံးဦး အနက် ဒုတိယအစ်ကို ရှဖန်း ဖြစ်သည်။

ရှဖန်းက နိုင်ငံတကာ အဆင့်မီ ထိပ်တန်း လုပ်ကြံသူ စာရင်းတွင် နံပါတ် ၁၆ချိတ်သူ ဖြစ်ပြီး ပေါ့တန်တန် သဘောထား၍ မရသည့် အရည်အချင်းရှိသူ တစ်ယောက်လည်း ဖြစ်၏။

သူက လုံခြုံရေး ယူနီဖောင်းကို မှန်အရှေ့မှာ ကျကျနန ဝတ်ဆင်လိုက်ပြီး သက်သေခံကတ်ထဲမှ ဓာတ်ပုံအတိုင်း ရုပ်ပြောင်းရုပ်လွှဲ လုပ်လိုက်သည်။

ထို့နောက် သန့်စင်ခန်း အပြင်ဘက်သို့ အေးဆေး တည်ငြိမ်စွာ လမ်းလျှောက် ထွက်လာခဲ့သည်။

အကြီးဆုံး အစ်ကိုကြီး ရှယင်း နှင့် တတိယညီငယ် ရှကျန်း၏ အခြေအနေကို သူမသိသေးပေ။

သူတို့ တာဝန် အချက်ပြမှုက အသက်ဝင်နေသေး၍ သံသယ မဝင်ခြင်းလည်း ဆိုလည်းမမှားပေ။

ထို့ကြောင့် သူ့ညီအစ်ကို နှစ်ယောက် ဒုက္ခမရောက်သေးဟု ထင်မှတ်နေခဲ့သည်။

ရှဖန်းက အတွေးများ မနေဘဲ ပစ်မှတ်၏ အချက်ပြမြေပုံအတိုင်း လမ်းလျှောက်လာခဲ့သည်။

ရှဖန်းက ဆရာ ရုံးခန်း သုံးခန်း ရှိသော နေရာဆီသို့ လျှောက်လာ၏။

ရုံးခန်း ၂ခန်းမှာ အစောထဲက ပိတ်ထားပြီသား ဖြစ်သည်။

အတွင်းဘက် အကျဆုံး အခန်းကမူ မီးအလင်းရောင် ရှိနေ၏။

လုပ်ကြံသတ်ဖြတ်ရမည့် ပစ်မှတ်က ဤနေရာတွင် ရှိနေသည်မှာ သေချာသလောက်ပင်။

ကာကွယ်မှုကို ကျောင်းအပြင်ဘက်တွင် တင်းကျပ်ထားသော်လည်း ပစ်မှတ် တည်ရှိသော စင်္ကြန်တွင်မူ လုံခြုံရေး တစ်ယောက်မျှ ရှိမနေခဲ့ပေ။

ရှဖန်း ခနဲ့လိုက်သည်။

အရည်အချင်း မရှိသော မြို့၏ လုံခြုံရေး နည်းဗျူဟာက အရိပ်လုပ်ကြံသူ အဖွဲ့ကို သက်ရောက်မှု ရှိမနေခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်းသို့ စိန်ခေါ်စာ မပို့ခင်ကတည်းက စွန်းရုံ၏ ခန္ဓာကိုယ်ပေါ်တွင် ခြေရာခံ ကိရိယာကို လျှို့ဝှက်စွာ တပ်ထားခဲ့သည်။

သို့မှသာ စွန်းရုံ ဘယ်နေရာ ရောက်ရောက် သူက သိရှိနိုင်မည် မဟုတ်ပါလား။

ရှဖန်းက သူ့လက်ကို ဘောင်းဘီ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရုံးခန်း တံခါးပေါက် အနားသို့ လျှောက်သွားလိုက်သည်။

ရုံးခန်းရှေ့ကို ရောက်လျှင် သူက ပတ်ဝန်းကျင် အခြေအနေကို ဆန်းစစ်ရန် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်၍ စစ်ဆေးလိုက်သည်။

အခန်းထဲတွင် သူပစ်မှတ်ထားသူက အစားမက်သော ဝတုတ်တုတ် ဆရာတစ်ယောက်နှင့် အတူ ရှိနေ၏။

ဆိုရလျှင် ၆၀ အထက်တန်းကျောင်းက ဝတုတ်တုတ် ဆရာကို အစောင့်အရှောက် အနေဖြင့် တာဝန်ပေးထားပုံရသည်။

ယင်းမှာ သာမန် အထက်တန်းကျောင်းက ကမ္ဘာအဆင့်မီလုပ်ကြံသူအဖွဲ့၏ စိန်ခေါ်စာကို အထင်မြင်သေးလိုက်ခြင်းပင်။

"ကောင်းပြီလေ.. ဒါဆိုလည်း ငါ့အဆိုးမဆိုနဲ့တော့"

ရုံးခန်း တံခါးပေါက် အနားတွင် မတ်တတ်ရပ်နေသော ရှဖန်းက သက်ပြင်းချ၍ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

အရိပ်အဖွဲ့အစည်း၏ ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူများကို အထင်သေးရဲသော လူတစ်စုကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရပေမည်။

ရှဖန်းက ထိုအကြောင်းကို တွေးလိုက်ပြီး ရုံးခန်းတံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။

အခန်းအတွင်း၌ ဝါရင့်ဆရာသမားဝမ်က ကျောက်သင်ပုန်းငယ်လေး အရှေ့တွင် စွန်းရုံနှင့် အတူတူ အချစ်အကြောင်းကို အပီအပြင် ဆွေးနွေးနေသည်။

ရုတ်တရက် ရှဖန်း၏ သတ်ဖြတ်လိုသောဆန္ဒကို ခံစားမိလိုက်၍ ဝါရင့်ဆရာသမား ဝမ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်အတွင်း အလင်းရောင်နှင့် အတူ ဓားပျံတစ်စင်း သူတို့ဆီသို့ လွင့်ပျံလာသည်။

"ဆရာ သတိထားဦး"

ဖြစ်ပျက်သမျှ အရာအားလုံးက အလင်းကဲ့သို့ မြန်ဆန်သည်။

လုပ်ကြံသူက ဓားပျံကို ပစ်လွှတ်ရန် တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။

စွန်းရုံက ဓားပျံ၏ ဓားလမ်းကြောင်းကို သူမ မျက်ဝန်းဖြင့် အမီ မလိုက်နိုင်ခဲ့ပေ။

သို့သော် သူမ အသိပြန်ဝင်လာချိန်တွင် အန္တရာယ်ရှိသော ဓားပျံက ဝါရင့်ဆရာသမားဝမ်၏ လက်ချောင်းများကြား ရောက်နေသည်ကို တွေ့လိုက်ရသည်။

"ရွှေအမြူတေ နှောင်းပိုင်းရဲ့ အထွတ်အထိပ် အဆင့်ပါလား.. အရိပ်လုပ်ကြံသူ အဖွဲ့ရဲ့ ဖဲပြားနီ အဆင့် အရတော့ မင်းက တကယ်ကို အရည်အချင်း ရှိပါပေတယ်"

ဝါရင့်ဆရာသမားဝမ်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ဓားပျံကို စားပွဲခုံပေါ်တွင် တင်လိုက်သည်။

သူ၏ လုပ်ကြံမှု အဟောသိကံ ဖြစ်သွား၍ ရှဖန်း အနည်းငယ် မှင်တက်သွားခဲ့သည်။

သူက ဓားပျံကို ပြိုင်ဘက်၏ အားနည်းချက် နေရာသို့အသေအချာ ချိန်ရွယ်၍ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။

သူ့ဓားပျံ၏ အမြန်နှုန်းက ကျည်ဆန်ထက် အနည်းငယ်လေးသာ နှေးကွေးသည်။

ထို့အပြင် သူ၏ဓားပျံမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ရန် သေချာပြုပြင်ထားသော ဓားပျံ ဖြစ်၏။

ရုံးခန်းထဲ ဝင်ရောက်ပြီး ဓားပျံ ပစ်လွှတ်ခြင်း ဖြစ်စဥ်မှာ သုံးစက္ကန့်မျှပင် မကြာခဲ့ပေ။

အထူးတိုက်ခိုက်ရေး လေ့ကျင်မှုမျိုးကို မကြုံဖူးသော သာမန် အထက်တန်းကျောင်း ဆရာတစ်ဦးက သူ့ဓားပျံကို အတိအကျ ဖမ်းယူနိုင်ခဲ့သည်။

"ပညာရှင်ကြီး ခင်ဗျားက ဘယ်သူပါလဲ"

သူ့အရှေ့က လူ ပြသခဲ့သော နည်းစနစ်က ရင်းနှီးနေသည်ဟု ရှဖန်း ခံစားမိ၍ မေးခွန်းထုတ်လိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူးကွာ"

ဝါရင့်ဆရာသမားဝမ်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြန်​ဖြေလိုက်သည်။

တစ်ဖက်တွင်မူ စွန်းရုံက သူမ မျက်ဝန်းထဲမှ တုန်လှုပ်မှုကို မဖုံးကွယ်နိုင် ဖြစ်နေသည်။

သူမက အံ့သြလွန်း၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။

သူမ အရှေ့တွင် ရှိနေသော ဝါရင့်ဆရာသမား ဝမ်က စာသင်ချိန်တွင် ဖော်ရွေသော မျက်နှာအမူအရာ ရှိသည့် ဆရာ ဖြစ်၏။

သို့သော် ယခုအခါတွင် ဆရာသမားဝမ်၏ အရှိန်အဝါက ယခင်နှင့် ခြားနားသွားပြီ ဖြစ်သည်။

ရှဖန်း၏ မျက်နှာက မှောင်မိုက်သွားခဲ့သည်။

ဤကျောင်းဆရာက သူ့ဓားပျံကို ဖမ်းနိုင်၍ သူနှင့် တူညီသော ခွန်အား ရှိနိုင်သည်ဟု တွေးမိလိုက်သည်။

သာမန် အထက်တန်းကျောင်းထဲတွင် ယခုလို ကျွမ်းကျင် ပညာရှင် ရှိနေခြင်းက သူ့အတွက် အခြေအနေ မဟန်ပေ။

သို့သော် ယခုအချိန်မှ ဤအချက်ကို စိတ်အနှောင့်အယှက် ဖြစ်နေရန်မှာ သင့်လျော်သော အပြုအမူ မဟုတ်ဟု တွေးမိလိုက်၏။

ဤနေရာတွင် ကြာကြာနေရန် မသင့်လျော်မှန်း ရှဖန်း သိလိုက်သည်။

အဓိကပစ်မှတ် ဖြစ်သည့် စွန်းရုံကို ရှင်းထုတ်နိုင်ခဲ့လျှင် သူ့တာဝန် အောင်မြင်သည်ဟု ယူဆနိုင်သည် မဟုတ်ပါလား။

သူ့လက်ကို တစ်ချက် ခါရမ်းလိုက်ရုံဖြင့် သူ့လက်ထဲတွင် သေနတ် တစ်လက် ပေါ်လာသည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ စွန်းရုံကို ချိန်း၍ ပစ်လိုက်ရာ ဝိညာဉ်ကျည်ဆန်က ရှေ့သို့ ကန်ထွက်သွားတော့သည်။

"သေစမ်း"

ဝိညာဉ်ကျည်ဆန်၏ အမြန်နှုန်းက ဓားပျံထက် ဆယ်ဆ မြန်ဆန်သည်။

ဤကျောင်းဆရာက ကျည်ဆန်ကို လက်ဗလာဖြင့် ဖမ်းနိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

ဝါရင့်ဆရာသမားဝမ်က ခပ်တန်းတန်း မျက်နှာထားမျိုးဖြင့် ရှဖန်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ဆရာဝမ်က ကျောက်ဆောင် ကျောက်ခဲ ကဲ့သို့ မလှုပ်မယှက် ထိုင်နေသော်လည်း မျက်နှာက အတော်လေး တည်ငြိမ်နေသည်။

ဆရာဝမ်ထံတွင် တုန်လှုပ်သော အမူအရာကို တစိုးတစိမှ မမြင်တွေ့ရပေ။

ယင်းအချိန်တွင် ဆရာဝမ်က သူ့လက်ချောင်းများကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်သည်။

ဆရာဝမ်၏ လှုပ်ရှားမှုက နှေးကွေးလွန်း၍ စွန်းရုံပင် မြင်တွေ့နိုင်သည်။

ဆရာဝမ်က လက်ချောင်းနှစ်ချောင်းကို အသုံးပြုပြီး ကျည်ဆန်ကို ညှပ်ဖမ်းလိုက်သည်။

ဤဖြစ်စဥ်ကြောင့် ရုံးခန်း ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

စွန်းရုံက ဘာစကားမှ မပြောနိုင်သည်အထိ တုန်လှုပ်နေ၏။

"......"

ရှဖန်းက နောက်ထပ် တစ်ကြိမ် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားသည်။

"ချီးပဲ ဒီကျောင်းဆရာက ဘယ်သူများလဲ"

"ဒီနှစ်တွေမှာ အရိပ်လုပ်ကြံသူတွေရဲ့ အင်အား ယုတ်လျော့လာပုံပဲ.. လေ့ကျင့်မှုတွေက ပိုပိုပြီး ဖြစ်ကတတ်ဆန်း နိုင်လာပုံရတယ်"

မျက်နှာအမူအရာ သုန်မှုန်နေသည့် ဝါရင့်ဆရာသမားဝမ်က တိတ်တဆိတ် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

ဆရာဝမ်၏ စကားပြောနေသော အမူအရာကြောင့် ရှဖန်း မှင်တက်သွားသည်။

ဤအမူအရာ...အပြောအဆို နှင့် ဖြုံလောက်သော ခွန်အားကြောင့် ရှဖန်းက လူတစ်ယောက်အကြောင်း ချက်ချင်း တွေးမိသွားသည်။

နောက်တစ်စက္ကန့် အတွင်း ရှဖန်း ဇောချွေးများ ပြန်လာ၏။

ဤလူက သူ ရန်စနိုင်သူ မဟုတ်ပေ။

"စီနီယာကြီး.. ခင်ဗျားကို ရန်ရှာမိလို့ တောင်းပန်ပါတယ်"

ရှဖန်း ချက်ချင်း ဦးညွှတ်လိုက်ပြီး ဆုတ်ခွာရန် အသင့်ပြင်လိုက်သည်။

"မင်းစိတ်ကြိုက် လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်လို့ရမယ် ထင်နေလား"

ဝါရင့်ဆရာသမား ဝမ်က ရှဖန်းကို ကြိမ်းမောင်းလိုက်ပြီး ကျောက်သင်ပုန်း အနားမှ မြေဖြူခဲကို ကောက်ယူလိုက်သည်။

"မင်းက ငါ့ကျောင်းသားကို တိုက်ခိုက်ရဲမှတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်သင့်တယ်"

ထိုစကားကြောင့် ရှဖန်း၏ ပင်ကိုစိတ်က အန္တရာယ်ကို ခံစားမိလိုက်သည်။

"စီနီယာက ကျတော့်ကို ဘာလုပ်ချင်လို့လဲ"

"ဘာမှ မလုပ်ပါဘူးကွာ"

ဝါရင့်ဆရာသမားက ခပ်ယဲ့ယဲ့လေး ပြုံး၍ ပြောလိုက်သည်။

"မင်းကို သင်ခန်းစာ ပေးသင့်တယ်လို့ တွေးမိရုံပါပဲ"

"ဝှစ်"

စကား အဆုံးသတ်သည်နှင့် တောက်ပသော ဝိညာဥ် အလင်းတန်းက ဆရာသမားဝမ်၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။

ဝိညာဉ်စွမ်းအားက ကျည်ဆန်ထက် ပို၍ မြန်ဆန်စွာ လေထုကို ထိုးဖောက်သွားခဲ့သည်။

ရှဖန်း တန်ပြန် တိုက်ခိုက်ချိန်ပင် မရလိုက်ပေ။

သူ့မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။

"အိုး မြန်လိုက်တဲ့အရှိန်အဟုန်"

သူ့စကားသံက တစ်ဝက်တစ်ပျက် ပြတ်တောက်သွားခဲ့သည်။

ရှဖန်းက မယုံကြည်နိုင်သော အမူအရာဖြင့် ခေါင်းငုံ့၍ ကြည့်လိုက်ရာ မြေဖြူခဲ အပိုင်းအစက သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသော မြင်ကွင်းအား ထိတ်လန့်ဖွယ် တွေ့လိုက်ရ၏။

အပိုင်း(၂၀) ပြီး၏။