webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 29

[ Unicode ]

တစ်မနက်လုံး ဆိုက်ထဲမှာပဲ စစ်ဆေးကြပြီးနောက် လူတိုင်း မောပန်းဆာလောင်လာရာ သူတို့ပစ္စည်းသူတို့ သိမ်းဆည်း၍ တစ်ယောက်ပြီးတစ်ယောက် အောက်ဆင်းသွားကြတော့သည်။

ချီရှောင်းနိုးတော့လည်း ရန်ရိ ဖုန်းကိုင်ဖို့ အချိန်မပေးနိုင်လိုက်။ ထိုအချိန်ရောက်မှ သူအောက်ဆင်းရင်း ချီရှောင်းကို အလုပ်ပေါ်လာလို့ မနက်ကအစောသွားလိုက်ရကြောင်း၊ သူ့အဝတ်တွေ ငှားဝတ်ခဲ့ရကြောင်း အစရှိသဖြင့်  စာအချို့ပြန်လိုက်သည်။

အောက်ရောက်တော့ ရန်ရိ သူ့ဖုန်းကိုဘေးပို့ပြီး ကုံးရင့်ရှန်ကို ကြည့်လိုက်သည်။

" မင်းဌာနခွဲ ပြန်မှာလား? သတင်းထူးရင် ငါ့ကိုပြောဦးနော် "

ကုံးရင့်ရှန် ရန်ရိကို ခြေဆုံးခေါင်းဆုံးကြည့်လာပြီး သူ့အကြည့်များက ခက်ထန်နေသည်။

" ဘာဖြစ်လို့လဲ? "

ရန်ရိလည်း ကုံးရင့်ရှန်အကြည့်အတိုင်း  သူ့အင်္ကျီသူကြည့်ရင်း နားမလည်နိုင်ဖြစ်သွားရသည်။

" အဲ့တာ ဘယ်သူ့အင်္ကျီလဲ? "

ရန်ရိ အံ့သြသွားကာ ပြောလိုက်သည်။

" အာ မင်းဘယ်လိုသိတာလဲ? "

" ခင်များ လစာလောက်နဲ့ ဒီ brand ကိုမဝယ်နိုင်ဘူး "

ကုံးရင့်ရှန် မယဉ်မကျေး ပြောလာသည်။

" ဒါ ဈေးကြီးလို့လား? "

ရန်ရိ သူ့ T-shirt သူပြန်ကြည့်လိုက်သည်။ အပြောက်အကျား နည်းနည်းပါတဲ့ T-shirt အဖြူပဲမဟုတ်ဘူးလား။

" ငါ့အဝတ်တွေက အရက်နံ့၊ စီးကရက်နံ့တွေမွှန်ထူနေလို့ သူငယ်ချင်းအင်္ကျီ ယူဝတ်လာတာ၊ မင်းနဲ့တွေ့ရင် နားပူမခံရအောင်လို့လေ "

သူ တစ်နှစ်လုံးလိုလို လေ့ကျင့်ရေးဝတ်စုံများသာဝတ်ပြီး အပြင်ဝတ်စုံဆိုသာမန်အားဖြင့် Uniqlo သာဝယ်ဝတ်ဖြစ်သည်။

[ T/n : Uniqlo က High quality ရှိပြီး ဈေးသက်သာတဲ့ brand တစ်ခုပါ၊ Japan အခြေစိုက် brand တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချိပါတယ် ]

" ခင်များ 'သူငယ်ချင်း' အိမ်မှာ ညအိပ်ခဲ့တာပဲ "

ကုံးရင့်ရှန် ' သူငယ်ချင်း ' ဆိုတာကို တမင်တကာ ဖိပြီးအသံထွက်လိုက်သည်။

သူရန်ရိကို စိုက်ကြည့်ရင်း မျက်လုံးများက မီးတောက်နေလျက်။

" အင်း "

ရန်ရိ ကုံးရင့်ရှန်ကြောင့် နည်းနည်း မသက်မသာဖြစ်သွားရသည်။ ကုံးရင့်ရှန်ကို သူနဲ့ ချီရှောင်းရဲ့ ဆက်ဆံရေးအမှန်ပြောမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ တမင်တကာကြီး ဖုံးကွယ်ထားတာမျိုးလည်းမဟုတ်ချေ။ အဲ့တာက ဒီတိုင်း သူကစပြီးမပြောတဲ့ ကိုယ်ရေး‌ကိုယ်တာ ကိစ္စဖြစ်သည်။ အနီးအနားကသူငယ်ချင်းတွေဆိုလို့ ဖုခိုင်နဲ့ ချွီယန်ပေါင် လောက်ပဲသိကြပြီး ကောင်းကယ်လည်း ခန့်မှန်းမိလောက်သည်။ ဒါပေမယ့် ဘယ်သူမှ ထုတ်ပြောမလာ‌ပေ။

ကုံးရင့်ရှန် ပုံက သိသိသာသာကို မရွှင်မပျဖြစ်နေပြီး နှုတ်ခမ်းများက မျဉ်းဖြောင့်အလား ခပ်ဖွဖွ စေ့ပိတ်သွားသည်။

" ငါနောက်ကျတာ မဖြစ်သင့်ပါဘူး ပြီးတော့ ငါတောင်းပန်တယ် "

သူ တစ်မနက်လုံး ကုံးရင့်ရှန် အမူအရာကိုကြည့်နေခဲ့တာ၊ သူနည်းနည်းမှားသွားတယ် ဆိုပေမယ့်လည်း အဲ့တာက အဓိကအကြောင်းရင်း မဟုတ်လောက်ဘူး။ သူ စိတ်ပျက်လက်ပျက် မေးလိုက်သည်။

" မင်းဘာလိုချင်သေးတာလဲ? "

" ကျွန်တော် ခင်များ တောင်းပန်တာ မလိုဘူး "

ကုံးရင့်ရှန် ကိုယ်လှည့်ပြီး ကားပေါ်တက်ဖို့လုပ်လိုက်သည်။

" မင်းကတော့....."

ရန်ရိဖုန်း ရုတ်တရက်ထမြည်လာပြီး သူငုံ့ကြည့်လိုက်တော့ ချီရှောင်းဖြစ်နေသည်။ သူ နှုတ်မဆက်ဘဲ ထွက်လာပြီး သူများခွင့်ပြုချက်မရဘဲ အဝတ်တွေလည်း ယူဝတ်လာသေးတာမို့ ဖုန်းကိုင်ရန် မျက်နှာပူနေပြီး မကိုင်မဖြစ်သာကိုင်လိုက်ရသည်။

" ဟေး ချီရှောင်း "

ကုံးရင့်ရှန် နောက်ကျော ရပ်တန့်သွားခဲ့၏။

" အာ ဟုတ်တယ် ဝမ်ရမ့်အဆောက်အအုံမှာ၊ မနက်ဖြန် အတားအဆီးတွေ ပြန်ဖွင့်တော့မှာမို့ ကိုယ် ဒီနေ့လာလိုက်ရတာ၊ အင်း၊ တောင်းပန်ပါတယ်၊ အင်း...."

ရန်ရိ စကားပြော‌နေရင်း ကုံးရင့်ရှန်ကို တစ်ချက်ချောင်းကြည့်သည်။

ကုံးရင့်ရှန်က ‌ဘေးလှည့်ပြီး ဖုန်းကြည့်ဟန်ဆောင်နေလိုက်၏။

ရန်ရိ အလိုအလျောက် အသံနိမ့်ပြီး ပြောလိုက်မိသည်။

" ကိုယ် ဒီနေ့ညအိမ်ပြန်ရမှာ၊ မင်းအဝတ်‌တွေ ‌လျှော်ပြီးပြန်ပို့ပေးမယ်နော်၊ အာ၊ အင်း၊ အိုကေ ဘိုင်ဘိုင့် "

ဖုန်းချပြီး ရန်ရိ ကုံးရင့်ရှန်ကို စကားပြောမလို့ပြင်တုန်း ကုံးရင့်ရှန်က အရင်ပြောလာသည်။

" ခေါင်းဆောင် အခုခင်များ တစ်ခုခုကူညီဖို့လိုတယ် "

" ဘာကို? "

" ခင်များ ဒီနေ့ည လုပ်စရာရှိလား? "

ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်ပြီး အေးစက်စက်ပြောလာသည်။

" ဒါမှမဟုတ် သူငယ်ချင်းအိမ်သွားသောက်ပြီး ညအိပ်ဦးမလို့လား? "

" ငါဒီည အိမ်ပြန်ဖို့တွေးထားတယ်၊ ကိစ္စမရှိဘူး "

ရန်ရိ မျက်မှောင်ကြုတ်ပြီး

" ဘာဖြစ်လို့လဲ? "

ထိုစကားကိုကြားပြီးနောက် ကုံးရင့်ရှန်လေသံ နည်းနည်းပျော့သွားသည်။

" ကျိုးချွမ်းကို မှတ်မိလား? "

" မှတ်မိတယ် "

ကျိုးချွမ်းက မီးလောင်တဲ့အပျက်အစီးတွေကို Dark web မှာ live လုပ်ပြီး ငွေရှာတဲ့ programmer တစ်ယောက်၊ သူတို့ စစ်ရှစ်ကျောင်မှာမိခဲ့တဲ့သူ။

" ၄၈ နာရီပဲ ထိန်းသိမ်းခံလိုက်ရတာ သူ့အတွက် တကယ်သက်သာသွားတာပဲ "

" ဒီတစ်ခေါက် ဝမ်ရမ့်အဆောက်အအုံမှာမီးလောင်မှုဖြစ်တော့ ကျွန်တော် သူ့ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတယ်၊ သူကနေတစ်ဆင့် တစ်ခုခုရှာနိုင်မယ်လို့ အမြဲခံစားရလို့ "

" ဝမ်ရမ့်မီးလောင်မှုက Dark web နဲ့တစ်ခုခုဆက်နွယ်မယ်လို့ မင်းထင်နေတာလား? "

" အဲ့လိုမဟုတ်ဘူး ဟိုတစ်ခေါက်က ကျိုးချွမ်း Camera နဲ့ Laptop အသိမ်းခံရပြီး နောက်သူအသစ်ထပ်ဝယ်လိုက်တယ်၊ ပိုက်ဆံရှာဖို့အတွက်ဆိုရင် သူ့အလုပ်ဟောင်းကိုပဲ ပြန်လုပ်မယ့်ပုံပေါ်တယ်၊ ကျွန်တော်က 'Seraph' မှာအခြေချနေတဲ့ တရုတ်လူနည်းစုကို ရှာဖို့ သူ့ကိုသုံးချင်ရုံပဲ ၊ သူတို့အကုန်လုံးက သံသယရှိတဲ့ မီးရှို့သမားတွေ "

ရန်ရိ အံ့ဩပြီး ပြောလိုက်သည်။

" သူစက်အသစ်ဝယ်တာတောင် မင်းသိတယ်? မင်းသူ့ကို စောင့်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ? ဌာနက မင်းကို ကူညီလို့လား? "

ကုံးရင့်ရှန် ခေါင်းခါပြီး

" သက်သေခိုင်ခိုင်မာမာမရှိရင် ဌာနက ကျွန်တော်သူ့ကို စုံစမ်းစစ်ဆေးဖို့ အကူအညီပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် ဆိုင်ဘာမှုခင်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဒီအမှုမှာ စိတ်ဝင်စားနေတော့ ကျိုးချွမ်းကို စုံစမ်းဖို့ ကူညီပေးတာ၊ ဒီတစ်ခါ မီးလောင်မှုပြီးတော့ ကျွန်တော့် ဒရိုင်ဘာကို သူ့နောက်လိုက်ခိုင်းထားတယ်၊ သူ မီးလောင်မှု Live မလွှင့်ခင်စပ်ကြား ဖမ်းမိရင်တော့ အကောင်းဆုံးပေါ့ "

" ကျိုးချွမ်း ဒီညလှုပ်ရှားမှာလား? "

" အတားအဆီးတွေ မနက်ဖြန်ဖယ်တော့မှာဆိုတော့ သူလှုပ်ရှားချင်ရင် ဒီနေ့ညပဲ လှုပ်ရှားနိုင်မှာ၊ ကျွန်တော့် ဒရိုင်ဘာနဲ့ နေရာလဲဖို့လိုတယ် "

ကုံးရင့်ရှန် ရန်ရိကို ကြည့်ပြီး

" သွားမှာလား? "

ရန်ရိ ပခုံးတွန့်လိုက်ရင်း

" သွားတာပေါ့ "

သူ Dark web နဲ့ ကျိုးချွမ်းအကြောင်းကို အလွန်သိချင်မိ၏။

ကုံးရင့်ရှန် ရန်ရိဆီ ကားသော့ပစ်ပေးလိုက်သည်။

ကားထဲဝင်ပြီးတော့ ရန်ရိ နာရီကြည့်လိုက်ပြီး

" နေ့လယ်စာအရင်စားရအောင်၊ ငါမနက်ထဲကအခုထိ ဘာမှမစားရသေးဘူး "

" ကားနောက်ဖုံး..."

" မင်းမြက်တွေ ငါမစားဘူး "

ကုံးရင့်ရှန် သူ့ကို မျက်စောင်းထိုးလိုက်ပြီး

" အသား‌တွေ အများကြီးကို "

" အနံ့ဖျော့လွန်းတယ် "

ရန်ရိ စိတ်ပျက်ပျက်နဲ့ပြောလိုက်သည်။

" သွားရင်းနဲ့ပဲ တစ်ခုခုဝယ်ဖို့ စတိုးဆိုင်ရှာလိုက်တော့မယ် "

" ခင်များ တစ်နေ့ကုန် အဲ့ဒီ့မသန့်ရှင်းတာတွေမစားဘဲ‌ နေလို့မရဘူးလား? "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်လိုက်ရင်း

" အထူးသဖြင့် ကျွန်တော့်ကားထဲစားတာမျိုး "

" မင်းက တကယ့်ကို သခင်လေးပဲ၊ ငါတော့ ငါ့အစာအိမ်ထဲထည့်စားတာတောင် ညစ်ပတ်တယ်မထင်မိပါဘူး၊ မင်းက မင်းကားထဲသယ်လာတာကို ညစ်ပတ်တယ်ပေါ့ "

ရန်ရိ ကောင်းကင်ထိအောင် မျက်ဖြူလှန်လိုက်ပြီး

" မင်းအသက်ဒီလောက်ကြီးနေပြီ အရိုက်မခံဖူးဘူးလား? "

ကုံးရင့်ရှန် လှောင်ထေ့ပြုံးလိုက်ပြီး

" အနည်းဆုံး သူများကိုတော့ မရှုံးဖူးသေးဘူး "

ရန်ရိ နှာခေါင်းရှုံ့ရင်း ကုံးရင့်ရှန် ကြွားပြောတယ်လို့ထင်လိုက်သည်။ သို့သော်ငြား အရင်တစ်ခါ သူ့ကိုဖမ်းဆွဲလိုက်တဲ့

ကုံးရင့်ရှန်ရဲ့အား၊ ၂၂ လွှာကို မမောမပန်းတက်နိုင်တဲ့ ခွန်အားတို့ကို ပြန်လည်တွေးဆပြီးသကာလ ရုတ်ခြည်းဆိုသလို အနည်းငယ်မသေမချာ ဖြစ်သွား၏။

" ဒေါက်တာကုံး ငါအခုမင်းကိုကူညီနေတာလေ၊ မင်းက သူများမင်းကိုကူညီတာတောင် ‌ဂျီးများနေတုန်းပဲ၊ အဲ့တာမှားတယ်နော် မင်းနားလည်လား? "

ကုံးရင့်ရှန် ခဏငြိမ်သွားပြီး

" ကျွန်တော် ဦလေးရှန့် ကို စားစရာယူလာခိုင်းလိုက်မယ် "

ရန်ရိ မျက်လုံးများ အရောင်လက်သွားပြီး

" ကောင်းတာပေါ့၊ မင်း စားဖိုမှူးချက်တာ အရမ်းအရသာရှိတယ်၊ မင်းအတွက် ချက်ပေးရတာတော့ သူတို့ပါရမီတွေအတွက် တကယ်မှားသလိုခံစားရတယ် "

" ကျွန်တော် သူတို့ကို လစာအများကြီးပေးထားတာ၊ ဘယ်သူမှမမှားဘူး "

ကျိုးချွမ်းက ကုံးရင့်ရှန်အိမ်နဲ့နီးတဲ့ အခြားမြို့နယ်တစ်ခု၌နေသည်။ သူတို့ရောက်သွားတော့ ဦးလေးရှန့်က အရင်ရောက်နှင့်နေလေပြီ။

ဒရိုင်ဘာက ကုံးရင့်ရှန်‌

ရောက်လာတာကို အံ့ဩသွားပြီး

" သခင်လေး ဘာလို့ဒီရောက်လာတာလဲ? ကျွန်တော်တို့ စောင့်ကြည့်နေရင်ရပါတယ် "

" မင်းတို့ ပင်ပန်းနေပြီ ပြန်နားလိုက်တော့ "

" ရပါတယ် ကျွန်တော်တို့မပင်ပန်းပါဘူး  တစ်လှည့်စီ အိပ်ထားပါတယ် "

" မင်းတို့ပင်ပန်းနေပြီ "

ကုံးရင့်ရှန် အသံမြှင့်ပြီး သူ့ပုံမှန်လေသံကို မထိန်းတော့ဘဲ ပြောလိုက်၏။

" ပြန်လိုက်တော့! "

[ T/n : ဘာလို့ ဒီကောင်လေး လူတွေကိုအတင်းပြန်လွှတ်နေပါလိမ့် အလဲ့ ]

နှစ်ယောက်သားမှာ နားမလည်ပါသော်ငြား နာနာခံခံနှင့် ထွက်သွားကြသည်။

ဦးလေးရှန့် ကားထဲက လက်ဆွဲခြင်းကြီးနှစ်ခုကို ထုတ်လိုက်သည်။ သူ ရန်ရိကိုမြင်တော့ မျက်နှာထက် အပြုံးများဝေဆာသွားလျက်။

" ခေါင်းဆောင်ရန် ဦးလေးတို့ ဆုံပြန်ပြီ၊ အခုတလော ဘာလို့အိမ်လာမလည်တာလဲ? "

" ဟားဟား အလုပ်ရှုပ်နေတာပေါ့ဗျာ "

ရန်ရိ ပြောလိုက်သည်။

" အရင်တစ်ခေါက်က ဦးလေးစခန်းကို ပို့ပေးလိုက်တဲ့ သရေစာတွေအတွက် ကျေးဇူးပါ ကျွန်တော်တို့အကုန်စားလိုက်တယ် "

ဦးလေးရှန့်က ပြုံးပြီးပြောလာသည်။

" မင်းကြိုက်တာပဲ ဦးလေး နောက်တစ်ခါပိုပြီး ပို့ပေးလိုက်မယ် "

ရန်ရိ အမြန်ပြောလိုက်သည်။

" မဟုတ်တာ ဒုက္ခမခံပါနဲ့ "

" သခင်လေး ဒါသခင်လေးဟာပါ "

ဦးလေးရှန့်က ကုံးရင့်ရှန်ကို ခြင်းတစ်ခြင်းပေးလိုက်သည်။

" သခင်လေး ယူလာတဲ့ထမင်းမစားနဲ့တော့၊ လတ်ဆတ်တာလေးပဲစား "

" ကောင်းပြီ "

" ခေါင်းဆောင်ရန် ဒါကမင်းအတွက်၊ သခင်လေးက မင်း ကျောက်ပုစွန်ကြိုက်တယ်လို့ပြောတယ် ဒါပေမယ့် အဲ့တစ်ခု လက်ဝင်ပြီး ဦးလေးတို့လည်း အချိန်မရတာနဲ့ အခြားတစ်ခုလုပ်လာခဲ့တယ် "

ဦလေးရှန့်က ရန်ရိကို ခြင်းကမ်းပေးလာသည်။

" ကျေးဇူးတင်ပါတယ် အရမ်းပျူငှာနေပါပြီ "

ရန်ရိ လှမ်းယူလိုက်တော့ ခြင်းက,လေးနေသည်။ သူ ကုံးရင့်ရှန်ကို ပြုံးပြပြီး ပြောလိုက်သည်။

" တကယ်ကိုပဲ မင်းငါဘာစားရတာကြိုက်လဲ မှတ်မိနေသေးတယ် "

သူနည်းနည်းပျော်သွား၏။

ကုံးရင့်ရှန် နှုတ်ခမ်းစေ့ကာ အသံပြုလိုက်ပြီး

" ပူတာတွေ၊ ကယ်လိုရီမြင့်တာတွေ၊ ကျွန်တော်မှတ်မိတယ်ဆိုတာ မှတ်ဉာဏ်ကောင်းလို့ပဲ၊ မေ့ပစ်ချင်ရင်တောင် မေ့လို့မရဘူး "

" တကယ်တမ်း ငါကအစားအစုံစားတယ် ဆိုပေမယ့် လေ့ကျင့်ခန်းအများကြီးလုပ်ပါတယ်၊ ကယ်လိုရီမြင့်တာတွေမစားဘူးဆို ကိုယ်ခံအားကောင်းမှာ မဟုတ်ဘူး "

" ခင်များ စားသောက်ပုံကို ‌ဝေဖန်တာမဟုတ်ဘူး၊ ဒါပေမယ့် ခင်များသန်မာချင်တယ်ဆို protein လုံလောက်အောင်သာ စားစမ်းပါ "

" ငါသိတယ် ဒါပေမယ့် စားကောင်းသောက်ကောင်းတွေကလည်း အရမ်းအရေးကြီးတယ်လေ "

ဦးလေးရှန့်က ရယ်ပြီးပြောလာသည်။

" ခေါင်းဆောင်၊ သခင်လေး စား‌သောက်ပုံက သာမန်လူတွေနဲ့ ကွဲပြားတယ်၊ မင်းကြိုက်တာစားလို့ရပါတယ်၊ ဘယ်ဟာက အရသာရှိမှန်း ဦးလေးတို့အားလုံးသိတာပဲ "

ကုံးရင့်ရှန် ဦးလေးရှန့်အား တည့်တည့်စိုက်ကြည့်လိုက်၏။

" အဲ့တာဆို မင်းတို့အလုပ်ကြိုးစားလိုက်ပါဦး၊ ဦးလေးအရင်ပြန်လိုက်ဦးမယ်၊ ခေါင်းဆောင်လည်း အချိန်ရရင် အိမ်လာလည်ပါဦး "

ဦးလေးရှန့်ပြန်သွားပြီးတော့ ရန်ရိ ခြင်းကို ဖွင့်ကြည့်လိုက်သည်။

" ဝိုး အရမ်းများတာပဲ "

ကုံးရင်ရှန် ယာဉ်မောင်းခုံအရှေ့က တယ်လီစကုပ် ကိုယူလိုက်ပြီး

" တိုက်အရှေ့ဘက် သုံးခုမြောက် အစိမ်းရောင်သံတံခါးက ကျိုးချွမ်းနေတဲ့နေရာပဲ "

ရန်ရိ စားပွဲခင်း,ခင်းလိုက်ပြီး ပြတင်းပေါက်တံခါးကိုနှိမ့်ကာ နံရိုးအနည်းငယ် ကိုက်လိုက်သည်။

" ငါမင်းကားပေါ်မှာစားတာ ဒါပထမဆုံးမဟုတ်ဘူးမလား? "

" နောက်ဆုံးအကြိမ်တော့ မဟုတ်သေးဘူး "

" အင်း အင်း " ရန်ရိ ခေါင်းညိတ်လိုက်ပြီး

" စားသောက်ဆိုင် တစ်ခါသွားခိုင်းတာ မင်းကိုသတ်နေသလိုပဲဆိုတော့ ရပါတယ် မင်းကားပေါ်မှာစားလို့ရတယ်၊ ငါတို့ရှေ့တန်းထွက်တဲ့အချိန်ဆို ဆိုးရွားတဲ့အခြေအနေမျိုးတွေမှာ စားရတယ်၊ AC ကလည်း လေကောင်းကောင်း လွှတ်ပေးနေတာကို "

ကုံးရင့်ရှန်က လေကာမှန်ကို ကျော်ကာ အရှေ့ဘက်ကို စိုက်ကြည့်နေရင်း တွန့်ဆုတ်ကာ မေးလာ၏။

" အပြင်အတူထွက်စားတာက သူငယ်ချင်းတွေအတွက် လူမှုကျင့်ဝတ်လား? "

" ဟမ်? " ရန်ရိ မေးခွန်းကြောင့် ကြောင်အသွားပြီး ပြန်တုံ့ပြန်လိုက်သည်။

" အင်း တစ်ယောက်ကို တစ်ယောက် ညစာဝယ်ကျွေးတာက သူငယ်ချင်းတွေအတွက် ပုံမှန်ပဲမလား? သူငယ်ချင်း မဟုတ်ရင်တောင် တရုတ်တွေအစားမစားပဲ အလုပ်ကိစ္စပဲဆွေးနွေးပြီး ပြန်သွားတယ်လို့ မင်းပြောမလို့လား၊ ဆွေမျိုးတွေ၊ ‌ပွဲတော်တွေနဲ့ ဂုဏ်ပြုပွဲတွေမှာရောပဲလေ၊ ခေါင်းဆောင်စုန့်ရှိတုန်းကသူပြောတာ ငါမှတ်မိသေးတယ်၊ မင်းဘယ်တော့မှ သူတို့နဲ့ မစားဘူးတဲ့၊ မင်းကတကယ်ကို....."

ရန်ရိ တစ်ခုခုကို အမှတ်ရသွားပြီး "မဖော်ရွေဘူး " ဆိုတဲ့ စကားလုံးများကို လည်ချောင်းထဲမှာပဲ ပြန်မျိုချလိုက်ရသည်။ သူပြောလိုက်၏။

" ဒါပေမယ့် ငါတို့မင်းကို နားလည်ပေးနိုင်ပါတယ် "

ကုံးရင့်ရှန် မျက်လုံးမှေးစင်းလိုက်ပြီး

" အဲ့တော့ အတူသောက်စားပြီး တစ်ယောက်အိမ်တစ်ယောက် သွားအိပ်တာလည်း သူငယ်ချင်းတွေကြားက ကျင့်ဝတ်ပဲလား ? "

ရန်ရိ ပါးစပ်ထဲက ထမင်းတွေတောင် ပန်းထွက်သွားတော့မလို့။

ကုံးရင့်ရှန် သူ့ကို လှည့်ကြည့်လာသည်။

ရန်ရိ အသားကို အတင်းထိုးထည့်လိုက်ပြီး

" မင်း၊ ဘာပြောဖို့ကြိုးစားနေတာလဲ? "

" ကျွန်တော် ခင်များနဲ့ သူငယ်ချင်းအဓိပ္ပါယ် ဆွေးနွေးနေတာလေ "

ကုံးရင့်ရှန် ဘာမှမဟုတ်သလို ပြောလာသည်။

" ခင်များကစပြီး ကျွန်တော့်ကို သူငယ်ချင်းဖြစ်ခွင့်တောင်းခဲ့တာ "

" အင်း.....ဒါပေမယ့် အဲ့လိုမလုပ်နဲ့လေကွာ..."

ရန်ရိ ဒီထူးဆန်းတဲ့ ဆွေးနွေးမှုကို အဓိပ္ပါယ်ဖော်ဖို့ စကားလုံးပင်ရှာမရပေ။

" ဘယ်လိုလဲ? "

" သူငယ်ချင်းဖွဲ့တယ်ဆိုတာက အရမ်းကျပန်းဆန်တဲ့ ကိစ္စပဲ၊ ဘာစည်းမျဉ်းမှမလိုဘူး၊ ပြီးတော့ သူငယ်ချင်းဖြစ်ဖို့ ဘာလုပ်ရမယ် ဆိုတဲ့ ထုတ်ပြန်ချက်လည်းမရှိဘူး "

ကုံးရင့်ရှန် နည်းနည်းစိတ်တိုသွားပြီး

" ဘာစည်းမျဉ်းမှမရှိဘူး၊ ဘာထုတ်ပြန်ချက်မှလည်းမရှိဘူးဆိုတော့ ဘယ်လိုလုပ် သူငယ်ချင်းဆိုပြီး သတ်မှတ်နိုင်မှာလဲ? အဲ့လို မရေမရာနဲ့ ခွဲခြားလို့မရတဲ့ဟာမျိုး ကျွန်တော်မကြိုက်ဘူး "

" လူနှစ်ယောက် ဆက်ဆံရေးပြေလည်တာနဲ့ သူငယ်ချင်းဖြစ်တာပဲလေ "

ရန်ရိလည်း ကုံးရင့်ရှန်ကြောင့် အံ့အားသင့်သွားရသည်။

" ကျွန်တော်တို့ ဆက်ဆံရေးပြေလည်နိုင်လို့လား? "

ကုံးရင့်ရှန် အဖြေမတောင်းသည့် မေးခွန်းမျိုးမေးလာခဲ့သည်။

ရန်ရိ တန့်သွားပြီး လှောင်ရယ်လိုက်၏။

" ငါတို့က တစ်ခါတစ်လေအဆင်ပြေပြီး တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် သဘောမကျတဲ့ အခြေအနေမှာရှိတယ် "

" အဲ့တော့ ဆက်ဆံရေးပြေလည်တာက လိုအပ်ချက်မဟုတ်ဘူးပေါ့ "

ရန်ရိ ခေါင်းကိုက်လာပြီး ပြောလိုက်သည်။

" မင်း ဒီမေးခွန်းကို ပယ်လိုက်လို့မရဘူးလား? ငါတကယ် ဘယ်လိုဖြေရမလဲ မသိတော့ဘူး "

ကုံးရင့်ရှန် အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့မျက်နှာက ‌မှုန်သိုးနေသည်။

" အဲ့တာဆို ခင်များဒီမေးခွန်းကိုဖြေ၊ ဘာလို့ မနေ့ကလူကျတော့ ခင်များ ' သူငယ်ချင်း ' ဖြစ်ပြီး ကျွန်တော်က ' အလုပ်တွဲလုပ်တဲ့သူ ' ဖြစ်ရတာလဲ? "

ရန်ရိ ကုံးရင့်ရှန်ကို ပေကလတ်ပေကလတ်လုပ်ရင်း ကြည့်လိုက်သည်။

ကုံးရင့်ရှန်ကတော့ သူ့ကို အေးစက်စွာ စိုက်ကြည့်နေ၏။

ရန်ရိ ရုတ်ခြည်းဆိုသလို အော်ရယ်ချမိလိုက်သည်။

ကုံးရင့်ရှန်မျက်နှာက ပို၍ပို၍ မှုန်သိုးလာပြီး ဒေါသထွက်ကာ ပြောလာသည်။

" ကားထဲကထွက်သွား! "

ရန်ရိ ပြုံးလိုက်ပြီး

" မမောင်းထုတ်နဲ့လေ၊ ဟားဟားဟား၊ ဒေါက်တာကုံး မင်းမနာလိုဖြစ်နေတာမလား? "

########

See You Soon.

Take care! my beloved readers 🤍

#######

[ Zawgyi ]

တစ္မနက္လုံး ဆိုက္ထဲမွာပဲ စစ္ေဆးၾကၿပီးေနာက္ လူတိုင္း ေမာပန္းဆာေလာင္လာရာ သူတို႔ပစၥည္းသူတို႔ သိမ္းဆည္း၍ တစ္ေယာက္ၿပီးတစ္ေယာက္ ေအာက္ဆင္းသြားၾကေတာ့သည္။

ခ်ီေ႐ွာင္းႏိုးေတာ့လည္း ရန္ရိ ဖုန္းကိုင္ဖို႔ အခ်ိန္မေပးႏိုင္လိုက္။ ထိုအခ်ိန္ေရာက္မွ သူေအာက္ဆင္းရင္း ခ်ီေ႐ွာင္းကို အလုပ္ေပၚလာလို႔ မနက္ကအေစာသြားလိုက္ရေၾကာင္း၊ သူ႕အဝတ္ေတြ ငွားဝတ္ခဲ့ရေၾကာင္း အစ႐ွိသျဖင့္  စာအခ်ိဳ႕ျပန္လိုက္သည္။

ေအာက္ေရာက္ေတာ့ ရန္ရိ သူ႕ဖုန္းကိုေဘးပို႔ၿပီး ကုံးရင့္႐ွန္ကို ၾကည့္လိုက္သည္။

" မင္းဌာနခြဲ ျပန္မွာလား? သတင္းထူးရင္ ငါ့ကိုေျပာဦးေနာ္ "

ကုံးရင့္႐ွန္ ရန္ရိကို ေျခဆုံးေခါင္းဆုံးၾကည့္လာၿပီး သူ႕အၾကည့္မ်ားက ခက္ထန္ေနသည္။

" ဘာျဖစ္လို႔လဲ? "

ရန္ရိလည္း ကုံးရင့္႐ွန္အၾကည့္အတိုင္း  သူ႕အက်ႌသူၾကည့္ရင္း နားမလည္ႏိုင္ျဖစ္သြားရသည္။

" အဲ့တာ ဘယ္သူ႕အက်ႌလဲ? "

ရန္ရိ အံ့ၾသသြားကာ ေျပာလိုက္သည္။

" အာ မင္းဘယ္လိုသိတာလဲ? "

" ခင္မ်ား လစာေလာက္နဲ႔ ဒီ brand ကိုမဝယ္ႏိုင္ဘူး "

ကုံးရင့္႐ွန္ မယဥ္မေက်း ေျပာလာသည္။

" ဒါ ေဈးႀကီးလို႔လား? "

ရန္ရိ သူ႕ T-shirt သူျပန္ၾကည့္လိုက္သည္။ အေျပာက္အက်ား နည္းနည္းပါတဲ့ T-shirt အျဖဴပဲမဟုတ္ဘူးလား။

" ငါ့အဝတ္ေတြက အရက္နံ႔၊ စီးကရက္နံ႔ေတြမႊန္ထူေနလို႔ သူငယ္ခ်င္းအက်ႌ ယူဝတ္လာတာ၊ မင္းနဲ႔ေတြ႕ရင္ နားပူမခံရေအာင္လို႔ေလ "

သူ တစ္ႏွစ္လုံးလိုလို ေလ့က်င့္ေရးဝတ္စုံမ်ားသာဝတ္ၿပီး အျပင္ဝတ္စုံဆိုသာမန္အားျဖင့္ Uniqlo သာဝယ္ဝတ္ျဖစ္သည္။

[ T/n : Uniqlo က High quality ႐ွိၿပီး ေဈးသက္သာတဲ့ brand တစ္ခုပါ၊ Japan အေျခစိုက္ brand တစ္ခုျဖစ္ၿပီး တစ္ကမ႓ာလုံးကို ျဖန္႔ခ်ိပါတယ္ ]

" ခင္မ်ား 'သူငယ္ခ်င္း' အိမ္မွာ ညအိပ္ခဲ့တာပဲ "

ကုံးရင့္႐ွန္ ' သူငယ္ခ်င္း ' ဆိုတာကို တမင္တကာ ဖိၿပီးအသံထြက္လိုက္သည္။

သူရန္ရိကို စိုက္ၾကည့္ရင္း မ်က္လုံးမ်ားက မီးေတာက္ေနလ်က္။

" အင္း "

ရန္ရိ ကုံးရင့္႐ွန္ေၾကာင့္ နည္းနည္း မသက္မသာျဖစ္သြားရသည္။ ကုံးရင့္႐ွန္ကို သူနဲ႔ ခ်ီေ႐ွာင္းရဲ႕ ဆက္ဆံေရးအမွန္ေျပာမွာမဟုတ္ဘူး၊ ဒါေပမယ့္ သူ တမင္တကာႀကီး ဖုံးကြယ္ထားတာမ်ိဳးလည္းမဟုတ္ေခ်။ အဲ့တာက ဒီတိုင္း သူကစၿပီးမေျပာတဲ့ ကိုယ္ေရး‌ကိုယ္တာ ကိစၥျဖစ္သည္။ အနီးအနားကသူငယ္ခ်င္းေတြဆိုလို႔ ဖုခိုင္နဲ႔ ခြၽီယန္ေပါင္ ေလာက္ပဲသိၾကၿပီး ေကာင္းကယ္လည္း ခန္႔မွန္းမိေလာက္သည္။ ဒါေပမယ့္ ဘယ္သူမွ ထုတ္ေျပာမလာ‌ေပ။

ကုံးရင့္႐ွန္ ပုံက သိသိသာသာကို မ႐ႊင္မပ်ျဖစ္ေနၿပီး ႏႈတ္ခမ္းမ်ားက မ်ဥ္းေျဖာင့္အလား ခပ္ဖြဖြ ေစ့ပိတ္သြားသည္။

" ငါေနာက္က်တာ မျဖစ္သင့္ပါဘူး ၿပီးေတာ့ ငါေတာင္းပန္တယ္ "

သူ တစ္မနက္လုံး ကုံးရင့္႐ွန္ အမူအရာကိုၾကည့္ေနခဲ့တာ၊ သူနည္းနည္းမွားသြားတယ္ ဆိုေပမယ့္လည္း အဲ့တာက အဓိကအေၾကာင္းရင္း မဟုတ္ေလာက္ဘူး။ သူ စိတ္ပ်က္လက္ပ်က္ ေမးလိုက္သည္။

" မင္းဘာလိုခ်င္ေသးတာလဲ? "

" ကြၽန္ေတာ္ ခင္မ်ား ေတာင္းပန္တာ မလိုဘူး "

ကုံးရင့္႐ွန္ ကိုယ္လွည့္ၿပီး ကားေပၚတက္ဖို႔လုပ္လိုက္သည္။

" မင္းကေတာ့....."

ရန္ရိဖုန္း ႐ုတ္တရက္ထျမည္လာၿပီး သူငုံ႔ၾကည့္လိုက္ေတာ့ ခ်ီေ႐ွာင္းျဖစ္ေနသည္။ သူ ႏႈတ္မဆက္ဘဲ ထြက္လာၿပီး သူမ်ားခြင့္ျပဳခ်က္မရဘဲ အဝတ္ေတြလည္း ယူဝတ္လာေသးတာမို႔ ဖုန္းကိုင္ရန္ မ်က္ႏွာပူေနၿပီး မကိုင္မျဖစ္သာကိုင္လိုက္ရသည္။

" ေဟး ခ်ီေ႐ွာင္း "

ကုံးရင့္႐ွန္ ေနာက္ေက်ာ ရပ္တန္႔သြားခဲ့၏။

" အာ ဟုတ္တယ္ ဝမ္ရမ့္အေဆာက္အအုံမွာ၊ မနက္ျဖန္ အတားအဆီးေတြ ျပန္ဖြင့္ေတာ့မွာမို႔ ကိုယ္ ဒီေန႔လာလိုက္ရတာ၊ အင္း၊ ေတာင္းပန္ပါတယ္၊ အင္း...."

ရန္ရိ စကားေျပာ‌ေနရင္း ကုံးရင့္႐ွန္ကို တစ္ခ်က္ေခ်ာင္းၾကည့္သည္။

ကုံးရင့္႐ွန္က ‌ေဘးလွည့္ၿပီး ဖုန္းၾကည့္ဟန္ေဆာင္ေနလိုက္၏။

ရန္ရိ အလိုအေလ်ာက္ အသံနိမ့္ၿပီး ေျပာလိုက္မိသည္။

" ကိုယ္ ဒီေန႔ညအိမ္ျပန္ရမွာ၊ မင္းအဝတ္‌ေတြ ‌ေလွ်ာ္ၿပီးျပန္ပို႔ေပးမယ္ေနာ္၊ အာ၊ အင္း၊ အိုေက ဘိုင္ဘိုင့္ "

ဖုန္းခ်ၿပီး ရန္ရိ ကုံးရင့္႐ွန္ကို စကားေျပာမလို႔ျပင္တုန္း ကုံးရင့္႐ွန္က အရင္ေျပာလာသည္။

" ေခါင္းေဆာင္ အခုခင္မ်ား တစ္ခုခုကူညီဖို႔လိုတယ္ "

" ဘာကို? "

" ခင္မ်ား ဒီေန႔ည လုပ္စရာ႐ွိလား? "

ကုံးရင့္႐ွန္ ရန္ရိကို စိုက္ၾကည့္ၿပီး ေအးစက္စက္ေျပာလာသည္။

" ဒါမွမဟုတ္ သူငယ္ခ်င္းအိမ္သြားေသာက္ၿပီး ညအိပ္ဦးမလို႔လား? "

" ငါဒီည အိမ္ျပန္ဖို႔ေတြးထားတယ္၊ ကိစၥမ႐ွိဘူး "

ရန္ရိ မ်က္ေမွာင္ၾကဳတ္ၿပီး

" ဘာျဖစ္လို႔လဲ? "

ထိုစကားကိုၾကားၿပီးေနာက္ ကုံးရင့္႐ွန္ေလသံ နည္းနည္းေပ်ာ့သြားသည္။

" က်ိဳးခြၽမ္းကို မွတ္မိလား? "

" မွတ္မိတယ္ "

က်ိဳးခြၽမ္းက မီးေလာင္တဲ့အပ်က္အစီးေတြကို Dark web မွာ live လုပ္ၿပီး ေငြ႐ွာတဲ့ programmer တစ္ေယာက္၊ သူတို႔ စစ္႐ွစ္ေက်ာင္မွာမိခဲ့တဲ့သူ။

" ၄၈ နာရီပဲ ထိန္းသိမ္းခံလိုက္ရတာ သူ႕အတြက္ တကယ္သက္သာသြားတာပဲ "

" ဒီတစ္ေခါက္ ဝမ္ရမ့္အေဆာက္အအုံမွာမီးေလာင္မႈျဖစ္ေတာ့ ကြၽန္ေတာ္ သူ႕ကိုေစာင့္ၾကည့္ဖို႔ လူလႊတ္ထားတယ္၊ သူကေနတစ္ဆင့္ တစ္ခုခု႐ွာႏိုင္မယ္လို႔ အၿမဲခံစားရလို႔ "

" ဝမ္ရမ့္မီးေလာင္မႈက Dark web နဲ႔တစ္ခုခုဆက္ႏြယ္မယ္လို႔ မင္းထင္ေနတာလား? "

" အဲ့လိုမဟုတ္ဘူး ဟိုတစ္ေခါက္က က်ိဳးခြၽမ္း Camera နဲ႔ Laptop အသိမ္းခံရၿပီး ေနာက္သူအသစ္ထပ္ဝယ္လိုက္တယ္၊ ပိုက္ဆံ႐ွာဖို႔အတြက္ဆိုရင္ သူ႕အလုပ္ေဟာင္းကိုပဲ ျပန္လုပ္မယ့္ပုံေပၚတယ္၊ ကြၽန္ေတာ္က 'Seraph' မွာအေျခခ်ေနတဲ့ တ႐ုတ္လူနည္းစုကို ႐ွာဖို႔ သူ႕ကိုသုံးခ်င္႐ုံပဲ ၊ သူတို႔အကုန္လုံးက သံသယ႐ွိတဲ့ မီး႐ိႈ႕သမားေတြ "

ရန္ရိ အံ့ဩၿပီး ေျပာလိုက္သည္။

" သူစက္အသစ္ဝယ္တာေတာင္ မင္းသိတယ္? မင္းသူ႕ကို ေစာင့္ၾကည့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ? ဌာနက မင္းကို ကူညီလို႔လား? "

ကုံးရင့္႐ွန္ ေခါင္းခါၿပီး

" သက္ေသခိုင္ခိုင္မာမာမ႐ွိရင္ ဌာနက ကြၽန္ေတာ္သူ႕ကို စုံစမ္းစစ္ေဆးဖို႔ အကူအညီေပးမွာမဟုတ္ဘူး၊ ဒါေပမယ့္ ဆိုင္ဘာမႈခင္းက လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ဒီအမႈမွာ စိတ္ဝင္စားေနေတာ့ က်ိဳးခြၽမ္းကို စုံစမ္းဖို႔ ကူညီေပးတာ၊ ဒီတစ္ခါ မီးေလာင္မႈၿပီးေတာ့ ကြၽန္ေတာ့္ ဒ႐ိုင္ဘာကို သူ႕ေနာက္လိုက္ခိုင္းထားတယ္၊ သူ မီးေလာင္မႈ Live မလႊင့္ခင္စပ္ၾကား ဖမ္းမိရင္ေတာ့ အေကာင္းဆုံးေပါ့ "

" က်ိဳးခြၽမ္း ဒီညလႈပ္႐ွားမွာလား? "

" အတားအဆီးေတြ မနက္ျဖန္ဖယ္ေတာ့မွာဆိုေတာ့ သူလႈပ္႐ွားခ်င္ရင္ ဒီေန႔ညပဲ လႈပ္႐ွားႏိုင္မွာ၊ ကြၽန္ေတာ့္ ဒ႐ိုင္ဘာနဲ႔ ေနရာလဲဖို႔လိုတယ္ "

ကုံးရင့္႐ွန္ ရန္ရိကို ၾကည့္ၿပီး

" သြားမွာလား? "

ရန္ရိ ပခုံးတြန္႔လိုက္ရင္း

" သြားတာေပါ့ "

သူ Dark web နဲ႔ က်ိဳးခြၽမ္းအေၾကာင္းကို အလြန္သိခ်င္မိ၏။

ကုံးရင့္႐ွန္ ရန္ရိဆီ ကားေသာ့ပစ္ေပးလိုက္သည္။

ကားထဲဝင္ၿပီးေတာ့ ရန္ရိ နာရီၾကည့္လိုက္ၿပီး

" ေန႔လယ္စာအရင္စားရေအာင္၊ ငါမနက္ထဲကအခုထိ ဘာမွမစားရေသးဘူး "

" ကားေနာက္ဖုံး..."

" မင္းျမက္ေတြ ငါမစားဘူး "

ကုံးရင့္႐ွန္ သူ႕ကို မ်က္ေစာင္းထိုးလိုက္ၿပီး

" အသား‌ေတြ အမ်ားႀကီးကို "

" အနံ႔ေဖ်ာ့လြန္းတယ္ "

ရန္ရိ စိတ္ပ်က္ပ်က္နဲ႔ေျပာလိုက္သည္။

" သြားရင္းနဲ႔ပဲ တစ္ခုခုဝယ္ဖို႔ စတိုးဆိုင္႐ွာလိုက္ေတာ့မယ္ "

" ခင္မ်ား တစ္ေန႔ကုန္ အဲ့ဒီ့မသန္႔႐ွင္းတာေတြမစားဘဲ‌ ေနလို႔မရဘူးလား? "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း

" အထူးသျဖင့္ ကြၽန္ေတာ့္ကားထဲစားတာမ်ိဳး "

" မင္းက တကယ့္ကို သခင္ေလးပဲ၊ ငါေတာ့ ငါ့အစာအိမ္ထဲထည့္စားတာေတာင္ ညစ္ပတ္တယ္မထင္မိပါဘူး၊ မင္းက မင္းကားထဲသယ္လာတာကို ညစ္ပတ္တယ္ေပါ့ "

ရန္ရိ ေကာင္းကင္ထိေအာင္ မ်က္ျဖဴလွန္လိုက္ၿပီး

" မင္းအသက္ဒီေလာက္ႀကီးေနၿပီ အ႐ိုက္မခံဖူးဘူးလား? "

ကုံးရင့္႐ွန္ ေလွာင္ေထ့ျပဳံးလိုက္ၿပီး

" အနည္းဆုံး သူမ်ားကိုေတာ့ မ႐ႈံးဖူးေသးဘူး "

ရန္ရိ ႏွာေခါင္း႐ႈံ႕ရင္း ကုံးရင့္႐ွန္ ႂကြားေျပာတယ္လို႔ထင္လိုက္သည္။ သို႔ေသာ္ျငား အရင္တစ္ခါ သူ႕ကိုဖမ္းဆြဲလိုက္တဲ့

ကုံးရင့္႐ွန္ရဲ႕အား၊ ၂၂ လႊာကို မေမာမပန္းတက္ႏိုင္တဲ့ ခြန္အားတို႔ကို ျပန္လည္ေတြးဆၿပီးသကာလ ႐ုတ္ျခည္းဆိုသလို အနည္းငယ္မေသမခ်ာ ျဖစ္သြား၏။

" ေဒါက္တာကုံး ငါအခုမင္းကိုကူညီေနတာေလ၊ မင္းက သူမ်ားမင္းကိုကူညီတာေတာင္ ‌ဂ်ီးမ်ားေနတုန္းပဲ၊ အဲ့တာမွားတယ္ေနာ္ မင္းနားလည္လား? "

ကုံးရင့္႐ွန္ ခဏၿငိမ္သြားၿပီး

" ကြၽန္ေတာ္ ဦေလး႐ွန္႔ ကို စားစရာယူလာခိုင္းလိုက္မယ္ "

ရန္ရိ မ်က္လုံးမ်ား အေရာင္လက္သြားၿပီး

" ေကာင္းတာေပါ့၊ မင္း စားဖိုမႉးခ်က္တာ အရမ္းအရသာ႐ွိတယ္၊ မင္းအတြက္ ခ်က္ေပးရတာေတာ့ သူတို႔ပါရမီေတြအတြက္ တကယ္မွားသလိုခံစားရတယ္ "

" ကြၽန္ေတာ္ သူတို႔ကို လစာအမ်ားႀကီးေပးထားတာ၊ ဘယ္သူမွမမွားဘူး "

က်ိဳးခြၽမ္းက ကုံးရင့္႐ွန္အိမ္နဲ႔နီးတဲ့ အျခားၿမိဳ႕နယ္တစ္ခု၌ေနသည္။ သူတို႔ေရာက္သြားေတာ့ ဦးေလး႐ွန္႔က အရင္ေရာက္ႏွင့္ေနေလၿပီ။

ဒ႐ိုင္ဘာက ကုံးရင့္႐ွန္‌

ေရာက္လာတာကို အံ့ဩသြားၿပီး

" သခင္ေလး ဘာလို႔ဒီေရာက္လာတာလဲ? ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေနရင္ရပါတယ္ "

" မင္းတို႔ ပင္ပန္းေနၿပီ ျပန္နားလိုက္ေတာ့ "

" ရပါတယ္ ကြၽန္ေတာ္တို႔မပင္ပန္းပါဘူး  တစ္လွည့္စီ အိပ္ထားပါတယ္ "

" မင္းတို႔ပင္ပန္းေနၿပီ "

ကုံးရင့္႐ွန္ အသံျမႇင့္ၿပီး သူ႕ပုံမွန္ေလသံကို မထိန္းေတာ့ဘဲ ေျပာလိုက္၏။

" ျပန္လိုက္ေတာ့! "

[ T/n : ဘာလို႔ ဒီေကာင္ေလး လူေတြကိုအတင္းျပန္လႊတ္ေနပါလိမ့္ အလဲ့ ]

ႏွစ္ေယာက္သားမွာ နားမလည္ပါေသာ္ျငား နာနာခံခံႏွင့္ ထြက္သြားၾကသည္။

ဦးေလး႐ွန္႔ ကားထဲက လက္ဆြဲျခင္းႀကီးႏွစ္ခုကို ထုတ္လိုက္သည္။ သူ ရန္ရိကိုျမင္ေတာ့ မ်က္ႏွာထက္ အျပဳံးမ်ားေဝဆာသြားလ်က္။

" ေခါင္းေဆာင္ရန္ ဦးေလးတို႔ ဆုံျပန္ၿပီ၊ အခုတေလာ ဘာလို႔အိမ္လာမလည္တာလဲ? "

" ဟားဟား အလုပ္႐ႈပ္ေနတာေပါ့ဗ်ာ "

ရန္ရိ ေျပာလိုက္သည္။

" အရင္တစ္ေခါက္က ဦးေလးစခန္းကို ပို႔ေပးလိုက္တဲ့ သေရစာေတြအတြက္ ေက်းဇူးပါ ကြၽန္ေတာ္တို႔အကုန္စားလိုက္တယ္ "

ဦးေလး႐ွန္႔က ျပဳံးၿပီးေျပာလာသည္။

" မင္းႀကိဳက္တာပဲ ဦးေလး ေနာက္တစ္ခါပိုၿပီး ပို႔ေပးလိုက္မယ္ "

ရန္ရိ အျမန္ေျပာလိုက္သည္။

" မဟုတ္တာ ဒုကၡမခံပါနဲ႔ "

" သခင္ေလး ဒါသခင္ေလးဟာပါ "

ဦးေလး႐ွန္႔က ကုံးရင့္႐ွန္ကို ျခင္းတစ္ျခင္းေပးလိုက္သည္။

" သခင္ေလး ယူလာတဲ့ထမင္းမစားနဲ႔ေတာ့၊ လတ္ဆတ္တာေလးပဲစား "

" ေကာင္းၿပီ "

" ေခါင္းေဆာင္ရန္ ဒါကမင္းအတြက္၊ သခင္ေလးက မင္း ေက်ာက္ပုစြန္ႀကိဳက္တယ္လို႔ေျပာတယ္ ဒါေပမယ့္ အဲ့တစ္ခု လက္ဝင္ၿပီး ဦးေလးတို႔လည္း အခ်ိန္မရတာနဲ႔ အျခားတစ္ခုလုပ္လာခဲ့တယ္ "

ဦေလး႐ွန္႔က ရန္ရိကို ျခင္းကမ္းေပးလာသည္။

" ေက်းဇူးတင္ပါတယ္ အရမ္းပ်ဴငွာေနပါၿပီ "

ရန္ရိ လွမ္းယူလိုက္ေတာ့ ျခင္းက,ေလးေနသည္။ သူ ကုံးရင့္႐ွန္ကို ျပဳံးျပၿပီး ေျပာလိုက္သည္။

" တကယ္ကိုပဲ မင္းငါဘာစားရတာႀကိဳက္လဲ မွတ္မိေနေသးတယ္ "

သူနည္းနည္းေပ်ာ္သြား၏။

ကုံးရင့္႐ွန္ ႏႈတ္ခမ္းေစ့ကာ အသံျပဳလိုက္ၿပီး

" ပူတာေတြ၊ ကယ္လိုရီျမင့္တာေတြ၊ ကြၽန္ေတာ္မွတ္မိတယ္ဆိုတာ မွတ္ဉာဏ္ေကာင္းလို႔ပဲ၊ ေမ့ပစ္ခ်င္ရင္ေတာင္ ေမ့လို႔မရဘူး "

" တကယ္တမ္း ငါကအစားအစုံစားတယ္ ဆိုေပမယ့္ ေလ့က်င့္ခန္းအမ်ားႀကီးလုပ္ပါတယ္၊ ကယ္လိုရီျမင့္တာေတြမစားဘူးဆို ကိုယ္ခံအားေကာင္းမွာ မဟုတ္ဘူး "

" ခင္မ်ား စားေသာက္ပုံကို ‌ေဝဖန္တာမဟုတ္ဘူး၊ ဒါေပမယ့္ ခင္မ်ားသန္မာခ်င္တယ္ဆို protein လုံေလာက္ေအာင္သာ စားစမ္းပါ "

" ငါသိတယ္ ဒါေပမယ့္ စားေကာင္းေသာက္ေကာင္းေတြကလည္း အရမ္းအေရးႀကီးတယ္ေလ "

ဦးေလး႐ွန္႔က ရယ္ၿပီးေျပာလာသည္။

" ေခါင္းေဆာင္၊ သခင္ေလး စား‌ေသာက္ပုံက သာမန္လူေတြနဲ႔ ကြဲျပားတယ္၊ မင္းႀကိဳက္တာစားလို႔ရပါတယ္၊ ဘယ္ဟာက အရသာ႐ွိမွန္း ဦးေလးတို႔အားလုံးသိတာပဲ "

ကုံးရင့္႐ွန္ ဦးေလး႐ွန္႔အား တည့္တည့္စိုက္ၾကည့္လိုက္၏။

" အဲ့တာဆို မင္းတို႔အလုပ္ႀကိဳးစားလိုက္ပါဦး၊ ဦးေလးအရင္ျပန္လိုက္ဦးမယ္၊ ေခါင္းေဆာင္လည္း အခ်ိန္ရရင္ အိမ္လာလည္ပါဦး "

ဦးေလး႐ွန္႔ျပန္သြားၿပီးေတာ့ ရန္ရိ ျခင္းကို ဖြင့္ၾကည့္လိုက္သည္။

" ဝိုး အရမ္းမ်ားတာပဲ "

ကုံးရင္႐ွန္ ယာဥ္ေမာင္းခုံအေ႐ွ႕က တယ္လီစကုပ္ ကိုယူလိုက္ၿပီး

" တိုက္အေ႐ွ႕ဘက္ သုံးခုေျမာက္ အစိမ္းေရာင္သံတံခါးက က်ိဳးခြၽမ္းေနတဲ့ေနရာပဲ "

ရန္ရိ စားပြဲခင္း,ခင္းလိုက္ၿပီး ျပတင္းေပါက္တံခါးကိုႏွိမ့္ကာ နံ႐ိုးအနည္းငယ္ ကိုက္လိုက္သည္။

" ငါမင္းကားေပၚမွာစားတာ ဒါပထမဆုံးမဟုတ္ဘူးမလား? "

" ေနာက္ဆုံးအႀကိမ္ေတာ့ မဟုတ္ေသးဘူး "

" အင္း အင္း " ရန္ရိ ေခါင္းညိတ္လိုက္ၿပီး

" စားေသာက္ဆိုင္ တစ္ခါသြားခိုင္းတာ မင္းကိုသတ္ေနသလိုပဲဆိုေတာ့ ရပါတယ္ မင္းကားေပၚမွာစားလို႔ရတယ္၊ ငါတို႔ေ႐ွ႕တန္းထြက္တဲ့အခ်ိန္ဆို ဆိုး႐ြားတဲ့အေျခအေနမ်ိဳးေတြမွာ စားရတယ္၊ AC ကလည္း ေလေကာင္းေကာင္း လႊတ္ေပးေနတာကို "

ကုံးရင့္႐ွန္က ေလကာမွန္ကို ေက်ာ္ကာ အေ႐ွ႕ဘက္ကို စိုက္ၾကည့္ေနရင္း တြန္႔ဆုတ္ကာ ေမးလာ၏။

" အျပင္အတူထြက္စားတာက သူငယ္ခ်င္းေတြအတြက္ လူမႈက်င့္ဝတ္လား? "

" ဟမ္? " ရန္ရိ ေမးခြန္းေၾကာင့္ ေၾကာင္အသြားၿပီး ျပန္တုံ႔ျပန္လိုက္သည္။

" အင္း တစ္ေယာက္ကို တစ္ေယာက္ ညစာဝယ္ေကြၽးတာက သူငယ္ခ်င္းေတြအတြက္ ပုံမွန္ပဲမလား? သူငယ္ခ်င္း မဟုတ္ရင္ေတာင္ တ႐ုတ္ေတြအစားမစားပဲ အလုပ္ကိစၥပဲေဆြးေႏြးၿပီး ျပန္သြားတယ္လို႔ မင္းေျပာမလို႔လား၊ ေဆြမ်ိဳးေတြ၊ ‌ပြဲေတာ္ေတြနဲ႔ ဂုဏ္ျပဳပြဲေတြမွာေရာပဲေလ၊ ေခါင္းေဆာင္စုန္႔႐ွိတုန္းကသူေျပာတာ ငါမွတ္မိေသးတယ္၊ မင္းဘယ္ေတာ့မွ သူတို႔နဲ႔ မစားဘူးတဲ့၊ မင္းကတကယ္ကို....."

ရန္ရိ တစ္ခုခုကို အမွတ္ရသြားၿပီး "မေဖာ္ေ႐ြဘူး " ဆိုတဲ့ စကားလုံးမ်ားကို လည္ေခ်ာင္းထဲမွာပဲ ျပန္မ်ိဳခ်လိုက္ရသည္။ သူေျပာလိုက္၏။

" ဒါေပမယ့္ ငါတို႔မင္းကို နားလည္ေပးႏိုင္ပါတယ္ "

ကုံးရင့္႐ွန္ မ်က္လုံးေမွးစင္းလိုက္ၿပီး

" အဲ့ေတာ့ အတူေသာက္စားၿပီး တစ္ေယာက္အိမ္တစ္ေယာက္ သြားအိပ္တာလည္း သူငယ္ခ်င္းေတြၾကားက က်င့္ဝတ္ပဲလား ? "

ရန္ရိ ပါးစပ္ထဲက ထမင္းေတြေတာင္ ပန္းထြက္သြားေတာ့မလို႔။

ကုံးရင့္႐ွန္ သူ႕ကို လွည့္ၾကည့္လာသည္။

ရန္ရိ အသားကို အတင္းထိုးထည့္လိုက္ၿပီး

" မင္း၊ ဘာေျပာဖို႔ႀကိဳးစားေနတာလဲ? "

" ကြၽန္ေတာ္ ခင္မ်ားနဲ႔ သူငယ္ခ်င္းအဓိပၸါယ္ ေဆြးေႏြးေနတာေလ "

ကုံးရင့္႐ွန္ ဘာမွမဟုတ္သလို ေျပာလာသည္။

" ခင္မ်ားကစၿပီး ကြၽန္ေတာ့္ကို သူငယ္ခ်င္းျဖစ္ခြင့္ေတာင္းခဲ့တာ "

" အင္း.....ဒါေပမယ့္ အဲ့လိုမလုပ္နဲ႔ေလကြာ..."

ရန္ရိ ဒီထူးဆန္းတဲ့ ေဆြးေႏြးမႈကို အဓိပၸါယ္ေဖာ္ဖို႔ စကားလုံးပင္႐ွာမရေပ။

" ဘယ္လိုလဲ? "

" သူငယ္ခ်င္းဖြဲ႕တယ္ဆိုတာက အရမ္းက်ပန္းဆန္တဲ့ ကိစၥပဲ၊ ဘာစည္းမ်ဥ္းမွမလိုဘူး၊ ၿပီးေတာ့ သူငယ္ခ်င္းျဖစ္ဖို႔ ဘာလုပ္ရမယ္ ဆိုတဲ့ ထုတ္ျပန္ခ်က္လည္းမ႐ွိဘူး "

ကုံးရင့္႐ွန္ နည္းနည္းစိတ္တိုသြားၿပီး

" ဘာစည္းမ်ဥ္းမွမ႐ွိဘူး၊ ဘာထုတ္ျပန္ခ်က္မွလည္းမ႐ွိဘူးဆိုေတာ့ ဘယ္လိုလုပ္ သူငယ္ခ်င္းဆိုၿပီး သတ္မွတ္ႏိုင္မွာလဲ? အဲ့လို မေရမရာနဲ႔ ခြဲျခားလို႔မရတဲ့ဟာမ်ိဳး ကြၽန္ေတာ္မႀကိဳက္ဘူး "

" လူႏွစ္ေယာက္ ဆက္ဆံေရးေျပလည္တာနဲ႔ သူငယ္ခ်င္းျဖစ္တာပဲေလ "

ရန္ရိလည္း ကုံးရင့္႐ွန္ေၾကာင့္ အံ့အားသင့္သြားရသည္။

" ကြၽန္ေတာ္တို႔ ဆက္ဆံေရးေျပလည္ႏိုင္လို႔လား? "

ကုံးရင့္႐ွန္ အေျဖမေတာင္းသည့္ ေမးခြန္းမ်ိဳးေမးလာခဲ့သည္။

ရန္ရိ တန္႔သြားၿပီး ေလွာင္ရယ္လိုက္၏။

" ငါတို႔က တစ္ခါတစ္ေလအဆင္ေျပၿပီး တစ္ခါတစ္ေလ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာမက်တဲ့ အေျခအေနမွာ႐ွိတယ္ "

" အဲ့ေတာ့ ဆက္ဆံေရးေျပလည္တာက လိုအပ္ခ်က္မဟုတ္ဘူးေပါ့ "

ရန္ရိ ေခါင္းကိုက္လာၿပီး ေျပာလိုက္သည္။

" မင္း ဒီေမးခြန္းကို ပယ္လိုက္လို႔မရဘူးလား? ငါတကယ္ ဘယ္လိုေျဖရမလဲ မသိေတာ့ဘူး "

ကုံးရင့္႐ွန္ အသက္ျပင္းျပင္း႐ွဴလိုက္ရင္း သူ႕မ်က္ႏွာက ‌မႈန္သိုးေနသည္။

" အဲ့တာဆို ခင္မ်ားဒီေမးခြန္းကိုေျဖ၊ ဘာလို႔ မေန႔ကလူက်ေတာ့ ခင္မ်ား ' သူငယ္ခ်င္း ' ျဖစ္ၿပီး ကြၽန္ေတာ္က ' အလုပ္တြဲလုပ္တဲ့သူ ' ျဖစ္ရတာလဲ? "

ရန္ရိ ကုံးရင့္႐ွန္ကို ေပကလတ္ေပကလတ္လုပ္ရင္း ၾကည့္လိုက္သည္။

ကုံးရင့္႐ွန္ကေတာ့ သူ႕ကို ေအးစက္စြာ စိုက္ၾကည့္ေန၏။

ရန္ရိ ႐ုတ္ျခည္းဆိုသလို ေအာ္ရယ္ခ်မိလိုက္သည္။

ကုံးရင့္႐ွန္မ်က္ႏွာက ပို၍ပို၍ မႈန္သိုးလာၿပီး ေဒါသထြက္ကာ ေျပာလာသည္။

" ကားထဲကထြက္သြား! "

ရန္ရိ ျပဳံးလိုက္ၿပီး

" မေမာင္းထုတ္နဲ႔ေလ၊ ဟားဟားဟား၊ ေဒါက္တာကုံး မင္းမနာလိုျဖစ္ေနတာမလား? "

########

See You Soon.

Take care! my beloved readers 🤍