webnovel

Intro

လောကမှာ လူတွေအသက်ရှင်နေရတာ ဘာအတွက်လဲ။ မွေးဖွားလာကြတယ် ပြီးတော့ သေဆုံးသွားကြတယ်၊ နောက်တော့ ဘယ်သူကမှ မမှတ်မိတော့ဘဲ မေ့ပျောက်ခံလူသားတွေအဖြစ်နဲ့ မြေကြီးထဲမြှုပ်နှံခံလိုက်ရကြတယ်။ ရှင်သန်နေကြတဲ့ တစ်လျှောက်လုံး အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြပေမယ့်လည်း သေဆုံးသွားတော့ ...။

ဘာလို့ ရှင်သန်နေကြလဲဆိုတာ အဖြေမထုတ်နိုင်ကြပေမယ့် ရှင်သန်နေတုန်းမှာ အခက်ခဲဒုက္ခတွေနဲ့ ဆုံကြရမှာတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုပဲ။ တစ်ချို့အခက်ခဲတွေက ဖြေရှင်းနိုင်ကြသလို တစ်ချို့ကိုတော့ မဖြေရှင်းနိုင်ကြဘူး။ ပြီးတော့ မဖြေရှင်းနိုင်ကြတဲ့ အခက်ခဲကနေ ရုန်းထွက်နိုင်တဲ့သူတွေ ရှိသလို ရုန်းမထွက်နိုင်တဲ့သူတွေလည်း ရှိကြတယ်။

ကျွန်မကရော ... ကျွန်မကရော ဒီအခက်ခဲဒုက္ခကနေ ရုန်းထွက်နိုင်မလား။ မသေချာပေမယ့် လွတ်မြောက်ခွင့်ရှိရင်တော့ ကောင်းကင်မှာ လွတ်လပ်စွာပျံသန်းနေကြတဲ့ ငှက်ငယ်တွေလို ကျွန်မလည်း လှောင်အိမ်ထဲကနေ ပျံသန်းထွက်ခွာသွားလိုက်ချင်မိတယ်။